#Unicode
ဖရန့်စ် သူ့လက်ကို ထပ်ကိုင်ထားတဲ့ ခန်းယောင်ရဲ့လက်ကို တစ်ချက်ကြည့်လိုက်ပြီး ခန်းယောင်ရဲ့ ပုခုံးပေါ်က လက်ကို မြန်မြန်ရုတ်လိုက်သည်။ ခန်းယောင်ရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ သနားစဖွယ်မျက်နှာငယ်လေးနဲ့ သူ့ကို ကြည့်နေသည်။
ဖရန့်စ်လဲ ထိုကလေးငယ်ကို ဘာပြောရမှန်းမသိပေ။ သူက မြေအောက်ငရဲမီးထဲကနေ မွေးဖွားလာခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်ပြီးတော့ အပေါင်းအသင်းမရှိပဲ တစ်ယောက်တည်း နေလာခဲ့တာဖြစ်သည်။'System'
[ငါရှိတယ်]
'မူလပိုင်ရှင်နဲ့ ခန်းယောင်တို့ရဲ့ ဆက်ဆံရေးက ဘယ်လိုလဲ'
[ဘာကိုပြောချင်တာလဲ]
'အရမ်းရင်းနှီးတာလားလို့ မေးတာ'
[အင်း...ရင်းနှီးတာလားဆိုတော့....ခဏလေး..ကြည့်လိုက်အုံးမယ်]
'........'
[အင်း...မူလဖရန့်စ်က ခန်းယောင်ကို အယုံသွင်းထားတယ်]
အယုံသွင်းတယ်?'
[ဟုတ်တယ်.. မူလဖရန်စ့်က ကောင်းတဲ့လူ မဟုတ်ဘူးဆိုတာ မင်းသိပါတယ်]
'အင်း'
[မူလဖရန့်စ်က ကောင်လေးတွေနဲ့ ဆက်ဆံဖူးတယ်]
'ဟမ်?'
ဖရန့်စ် ထူးဆန်းသွားသည်။[ဟုတ်တယ်..မူလဖရန့်စ်က ယောကျ်ားလေးတွေကို သဘောကျတယ်]
'......'
[အင်း... ဒါပေမယ့် မိန်းကလေးတွေကိုလဲ သဘောကျတယ်]
'.......'
[ဒါပေမယ့် မူလဖရန့်စ်က ကောင်လေးတွေကို အလိုမတူပဲ ဆက်ဆံခဲ့တာ]
'....'
[တစ်ချို့ဆိုရင် သွေးထွက်လွန်ပြီး သေသွားတဲ့ ကောင်လေးတွေတောင်ရှိတယ်]
'....'
[မူလဖရန့်စ်ရဲ့ ချိုသာခန့်ညားတဲ့ မျက်နှာအောက်က သူ့စိတ်ဓာတ်က စက်ဆုပ်ရွံရှာစရာကောင်းတယ်]
'.....မင်းပဲ ငါ့ကို ဒီကို ပို့ခဲ့တာလေ'
ဖရန့်စ် ပြုံးလိုက်သည်။[အာ...]
System စကားစရှာမရတော့ချေ။'မင်းပြောချင်တာက အဲ့ကောင်လေးတွေထဲမှာ ခန်းယောင်ပါခဲ့တယ်လို့ ဆိုလိုတာလား'
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...