Arc_3.16

1.1K 155 5
                                    

WARNING: NSFW !

------

ညနေပိုင်းရောက်တော့ ဒန်နီ့သူငယ်ချင်းဖြစ်သူ မန်နေဂျာတေလာတစ်ယောက် ဒန်နီရယ့်အိမ်ကိုရောက်လာ၍ ရိုလန်သည် ဒန်နီ့ကိုတေလာနှင့်ခဏထားရစ်ခဲ့ကာ သူ့အိမ်သူပြန်လာခဲ့သည်။ သူလုပ်စရာရှိသည်များကို လုပ်ပြီးနောက် အပြင်ထွက်လာချိန်မှာ ကားရှေ့တွင်လူတစ်ယောက်ပိတ်ရပ်နေသည်ကို မြင်လိုက်ရသည်။

ရိုလန်မျက်ခုံးပင့်သွားကာ ထိုလူအနားကိုလျှောက်သွားလိုက်တော့ ထိုသူဟာ သောမတ်ဘရောင်းစ်ဖြစ်နေကြောင်း သိလိုက်ရသည်။

"အော..ဘယ်သူများလဲလို့၊ အတန်းဖော်လေးပဲ...ဟိုတစ်ယောက်ရောမပါဘူးလား၊ မင်းတို့နှစ်ယောက်ကြည့်ရတာ ငါ့ကားရှေ့ပိတ်ရပ်ရတာကို သိပ်ဝါသနာပါကြတဲ့ပုံပဲ။"
ရိုလန်က ကားကိုမှီကာ ခနဲ့တဲ့တဲ့အပြုံးဖြင့်ပြောလိုက်သည်။

သောမတ်သည် ဒေါသထောင်းခနဲထွက်လာရပြီး ရိုလန့်အကျီကော်လံစကို လက်နှစ်ဖက်ဖြင့်ဆွဲဆုပ်လိုက်သည်။
"မင်းလက်ချက်မလား...ရစ်ချက်အခုဒီလိုတွေဖြစ်နေတာ မင်းပယောဂကြောင့်မလား?!!"

ရိုလန်က 'အိုး'ဟုရေရွတ်ကာ သူ့အကျီကော်လံပေါ်က သောမတ်လက်နှစ်ဖက်ကို ဆောင့်ဆွဲကာပုတ်ထုတ်လိုက်ပြီး အံ့အားသင့်နေသည့်မျက်နှာပေးဖြင့် လက်ပိုက်ကာပြောလိုက်သည်။
"ဘာတွေလာပြောနေတာလဲ။ ရစ်ချက်ဆမ်က ဘာဖြစ်နေလို့လဲ။"

"မင်း!!! မသိချင်ယောင်ဆောင်မနေနဲ့၊ မင်းတော်တော်မျက်နှာပြောင်တိုက်ပါလား။"

"မင်းပြောနေတာတွေ ငါတကယ်မသိတာပါ။ ပြီးတော့ မင်းတို့နဲ့ငါနဲ့ကြားမှာ ဘာအကန့်မှမရှိဘူးလေကွာ။"

'ဒီအတိုင်း ငါကိုယ်တိုင်လုပ်ရမှာပျင်းတာမို့ အကွက်လေးနည်းနည်းသုံးမိလိုက်တာလေ'

ရိုလန်က ပုခုံးတွန့်ကာ ကူကယ်ရာမဲ့နေသည့်အမူအရာဖြင့်ပြောလိုက်တော့ သောမတ်ဒေါသပိုထွက်လာရသည်။ စိတ်ရှိတဲ့အတိုင်းသာဆိုရင် စိတ်ကျေနပ်တဲ့အထိထုထောင်းပစ်လိုက်ချင်ပေမဲ့ သူ့ကို ရိုလန်ပြန်ရိုက်လာမှာကိုတော့ သူတကယ်ကြောက်မိပါသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now