Arc_2 [Dear Best Friend, Can you die for me?] (ဂျိုးဆက်ဖ်)

4.4K 456 9
                                    

#Unicode

ရှောင်ဂျင်သည် ထိုကမ္ဘာကို ဖျက်ဆီးခဲ့ပြီးနောက်တွင်တော့ သူနှင့်Systemသည် မြေအောက်ငရဲအကျဥ်းထောင်အား ပြန်ရောက်လာကြသည်။

ရှောင်ဂျင်သည် သူ၏ကိုယ်ထဲက အဖြူရောင်အလုံးလေးအား ထုတ်လိုက်ကာ လက်ဖြင့်ကိုင်လိုက်ရင်းဖြင့် ထိုအလုံးလေးကို သေသေချာချာစစ်ဆေး၏။ ရှောင်ဂျင်၏သွေးနီရောင်မျက်ဝန်းများသည် တဖျတ်ဖျတ်လက်နေကာ သူ၏ငွေဖြူရောင်ဆံနွယ်ရှည်များကလည်း သူခေါင်းယိမ်းရာအတိုင်း လွင့်မျောနေသည့်မြင်ကွင်းမှာ အလွန်မျက်စိပဒေသာရှိလှသည်။ သူရောက်ရှိနေသည့်နေရာနှင့် သူသည် နတ်ဆိုးဖြစ်ကြောင်းသိသည့်သူများကို ဖယ်လိုက်ပါလျှင် မသိသောသူများကတော့ နတ်သားတစ်ပါးဆင်းသက်လာသည်ဟုပင် ထင်ရလောက်၏။

"သူက ဘယ်သူလဲ"
ရှောင်ဂျင်သည် လက်ထဲရှိအဖြူရောင်အလင်းလုံးလေးကို စေ့စေ့စပ်စပ်ကြည့်ရင်းဖြင့် မေးလာသည်။

[ဘယ်သူ့ကိုမေးတာလဲ]
Systemက ပြန်မေးလာသည်။

"ခန်းယောင်ကိုယ်ထဲက နတ်ဘုရားလေ။"
ရှောင်ဂျင်သည် ထိုအလုံးလေးအား အကြည့်မလွှဲပေ။

Systemသည် ရှောင်ဂျင်၏စကားထဲမှ 'နတ်ဘုရား'ဆိုသည့် စကားလုံးကြောင့် ရှောင်ဂျင်အား ဆတ်ခနဲလှည့်ကြည့်လာသည်။
[သူက နတ်ဘုရားမှန်း ဘယ်လိုသိတာလဲ]

"ငါက အကုန်သိတယ်။ System..မင်း ငါ့ကို ဘာမှလျှို့ဝှက်ထားလို့မရပါဘူး။"
ရှောင်ဂျင်သည် အေးအေးလူလူပြော၏။

[ငါပြောခွင့်မရှိဘူး။]
Systemသည် ပြောဖို့ရာငြင်းဆန်၏။
[သူက ပြစ်ဒဏ်ခတ်ခံထားရတဲ့နတ်ဘုရားပဲ။ သူ့အကြောင်းကို ပြောခွင့်မရှိသလို သူ့နာမည်ကိုလည်း ငါထုတ်ပြောလို့မရဘူး။]

ရှောင်ဂျင်သည် မျက်ခုံးတစ်ဖက်ပင့်လိုက်၏: ပြစ်ဒဏ်ခတ်ခံထားရတဲ့နတ်ဘုရား? သူက ဘာလို့ ငါ့နောက်လိုက်ချင်ရတာလဲ။

ရှောင်ဂျင်သည် မည်သည့်မေးခွန်းမျှ ထပ်မမေးလေတော့မှ Systemစိတ်သက်သာရာရသွားမိ၏။
ထိုစဥ် ရှောင်ဂျင်၏လက်ထဲတွင်ရှိနေသော အဖြူရောင်အလုံးလေးဟာ တဖြည်းဖြည်းချင်းနှင့် နက်ပြာရောင်လိပ်ပြာလေးအဖြစ်သို့ အသွင်ပြောင်းလဲသွား၏။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now