!Unicode!
ရိုလန်သည် ဒန်နီရယ့်ကို အိမ်ပြန်ပို့ပေးသည်။ ဒန်နီရယ့်ကို ပွေ့ချီလျက်သားဖြင့် အိမ်ထဲထိအရောက်ပို့ပေးလိုက်ကာ အိမ်ခန်းထဲ၌ ရှုပ်ပွနေသည်များကို ရှင်းပေးနေလေသည်။
"မင်းအိမ်မပြန်ဘူးလား။"
ဒန်နီရယ်က ဆိုဖာပေါ်တွင်ထိုင်နေရင်းဖြင့် အလုပ်ရှုပ်နေသောရိုလန့်ကိုကြည့်ကာ မေးလိုက်သည်။"ဟင့်အင်း၊ ကိုယ်ဒီနေ့အိမ်မပြန်တော့ဘူး၊ ဒန်နီ့ဘေးမှာနေပေးမလို့လေ။"
ရိုလန်ဟာ ဒန်နီရယ့်ကိုတစ်ချက်ကြည့်ကာ ပြန်ဖြေလိုက်ပြီးနောက် လုပ်လက်စအလုပ်ကို ပြန်လုပ်နေချေသည်။"အော..မင်းမှာအလုပ်မရှိဘူးလား။ မင်းကိုကြည့်ရတာ ပီကေလိုပဲ ငါ့နားအမြဲကပ်ချင်နေသလိုပဲ။"
"အင်း...အမှန်ပဲ၊ ဖြစ်နိုင်ရင် ကိုယ် ပီကေအဖြစ်ပြောင်းပြီး ဒန်နီ့အနားက ခွာမရအောင်နေပစ်လိုက်ချင်တာ။"
ရိုလန်၏ပရောပရည်စကားကြောင့် ဒန်နီရယ်မျက်လုံးလှိမ့်လိုက်မိသည်။ဒန်နီရယ်သည် ဆိုဖာပေါ်ထိုင်နေရင်းဖြင့် သူတစ်ခုခုလုပ်ဖို့မေ့နေသလိုခံစားနေရသည်။ ဒါပေမဲ့ သူဘာလုပ်ဖို့မေ့နေတာမှန်းလည်း မသိပေ။ သို့သော် ခေါင်းတစ်ချက်ကုတ်လိုက်ရင်း သည်းကြီးမဲကြီးစဥ်းစားသည့်တိုင် အဖြေထွက်မလာချေ။ သူ၏မျက်လုံးဟာ သူ့ရှေ့ရှိစားပွဲပေါ်မှ သီချင်းစာသားတွေရေးမှတ်ထားသော စာရွက်ဆီအကြည့်ရောက်သွားမှသာ ရုတ်တရက်မှတ်မိသွားရသည်။
'သီချင်းစာသား....အယ်..စတူဒီယို?!!!!'
ထိုသို့တွေးမိလိုက်သည်နှင့် ပါးစပ်မှ "အိုးဂေါ့"ဟု ထွက်မိသွားကာ မတ်တပ်ထရပ်မိရင်း အိပ်ခန်းထဲကို တစ်ဟုန်ထိုးပြေးသွားတော့သည်။
ရိုလန်ကတော့ အထိတ်တလန့်ပုံစံဖြင့် အိပ်ခန်းထဲပြေးဝင်သွားသောဒန်နီရယ်ကြောင့် အနောက်မှလိုက်သွားလိုက်သည်။
သူ့အိပ်ရာပေါ်မှ ဖုန်းလေးကို ကောက်ကိုင်ကာ ဒန်နီရယ်မျက်နှာရှုံ့မဲ့နေသည်။ အခုလောက်ဆို တေလာတစ်ယောက် သူ့ကိုကျိန်ဆဲနေပေတော့မည်။ စတူဒီယိုကို အချိန်မီရောက်မလာသည့်အပြင် သူ့ဖုန်းကိုပါ ဆက်မရဖြစ်နေသည်ကြောင့် တေလာဒေါပွနေပေမည်။
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...