ရိုလန်ဟာ သူတက်ရမယ့်အခန်းထဲကို ဝင်လာတော့ အခန်းထဲရှိ မိန်းကလေးများနှင့်ယောကျ်ားလေးတစ်ချို့က စကားပြောနေကြတာရပ်သွားပြီး သူ့ကို လှည့်ကြည့်လာသည်။ ရိုလန်ကတော့ ဂရုပင်မစိုက်ပဲ ပြတင်းပေါက်ဘေးရှိ ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။ ထို့နောက်တွင်တော့ တတွတ်တွတ်စကားပြောသံများဖြင့် စာသင်ခန်းကြီးဟာ ဆူညံနေတော့သည်။
"ဟဲ့...အဲ့ဒါက ရိုလန်တိုင်ဒါမဟုတ်လား။"
ထိုစကားပြောသံများထဲမှ မိန်းကလေးတစ်စုဟာ ရိုလန့်ကိုကြည့်ကာတီးတိုးပြောလာသည်။"အေး..ဟုတ်မယ်။ သူများတွေပြောကြတာတော့ သူကငယ်ငယ်လေးကလည်းက အိမ်မှာပဲ စာသင်ခဲ့တာဆို။"
"အဲ့ဒါက အမှန်ပဲလေ။ တိုင်ဒါမျိုးရိုးက ဒီလောက်ချမ်းသာတာ၊ သူသာ တစ်ခုခုချို့ယွင်းနေတာမဟုတ်ရင်၊ ဘာလို့အိမ်မှာပဲသင်ပေးမှာလဲ။"
"ငါ့အမေက မဒမ်ဟယ်လင်တိုင်ဒါနဲ့သိတယ်လေ။ အမေပြောတာကတော့ အဲ့ဒီ့ရိုလန်တိုင်ဒါက စိတ်ရောဂါဖြစ်နေတာတဲ့။ နောက်တော့မှ ပျောက်သွားတာတဲ့နော်။"
"အေးလေ၊ ငါတော့ကြောက်လာပြီ။ သူက တကယ်ကြီးစိတ်ရောဂါဖြစ်နေတာလား။"
"မဟုတ်လောက်ပါဘူး။ သူ့ကြည့်ရတာ အဲ့လိုပုံမပေါက်ဘူး။"
"နင်တို့ကလည်း အဲ့လိုမပြောကြပါနဲ့။ သူက ဒီလောက်ချောတာ နင်တို့ပြောသလိုမဟုတ်လောက်ပါဘူး။ ငါကတော့ သူ့ကိုကြွေနေပြီဟာ။"
"ကောင်မ ကြည့်ကြပ်လုပ်..တော်ကြာ ဟိုက စိတ်ဖောက်လာပြီး နင့်ကိုသတ်နေအုံးမယ်။"
"အံမယ်လေး...ဒီလိုကောင်ချောလေးက သတ်မယ်ဆိုရင်လည်း ဒီက ကြည်ကြည်ဖြူဖြူနဲ့ အသတ်ခံလိုက်ပါ့မယ်နော်။"
မိန်းကလေးတွေဟာ အတင်းအဖျင်းပြောတဲ့နေရာမှာ အရမ်းတော်ကြသည်။"System..ဇာတ်လိုက်မက ဒီအခန်းထဲမှာ ရောက်နေပြီလား။"
[ရှိတယ်။ မင်းရဲ့မျက်စောင်းထိုးခုံမှာထိုင်နေတယ်။]
ရိုလန်ခေါင်းငြိမ့်လိုက်သည်။ ဒီနေ့က မူလရိုလန်တိုင်ဒါဟာ ဇာတ်လိုက်မစီဗယ်ကိုတွေ့ပြီး မြင်မြင်ချင်းချစ်သွားတာဖြစ်သည်။
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...