#Unicode
ဖရန့်စ်က ခုနကသူသုတ်သင်လိုက်သော သန္ဓေပြောင်းအကောင်၏အလောင်းကို ခြေထောက်ကနေကိုင်ပြီးတော့ ဆိုင်ထဲကနေ တရွတ်တိုက်ဆွဲထုတ်လာခဲ့သည်။ အပြင်ဘက်က သူတွေကလည်း ထိုအလောင်းကို သေသေချာချာကြည့်နေကြလေသည်။ ဇာတ်လိုက်မယွန်းဆူကတော့ ဇာတ်လိုက်၏လက်မောင်းနောက်တွင် ပုန်းကာ ချောင်းကြည့်နေပါ၏။ ခန်းယောင်ကတော့ ဒီအတိုင်းသာရပ်ကြည့်နေလေသည်။
ဖရန့်စ်ကတော့ သေချာစဥ်းစားနေလေသည်: ဒီလူက ဘယ်ကရောက်လာတာလဲ။ ခုနက မရှိဘူးဆိုတာ ကျိန်းသေတယ်မလား။
ဒါကြောင့် သူက လူအုပ်ကိုကြည့်ကာ မေးလိုက်သည်။
"ဒီအကောင်က ဘယ်ကလဲ။ မင်းတို့က အထဲမှာရှိနေခဲ့တာဆိုတော့ ဒီဟာကို မြင်လိုက်ရမှာပဲ။ သူက မင်းတို့အဖွဲ့ထဲကလား"
ပြောရင်းဖြင့် အလောင်းကိုလဲ လက်ညိုးထိုးပြလိုက်သည်။"ဟင့်အင်း။ ကျွန်တော်တို့ သူ့ကိုမသိဘူး"
"ဟုတ်တယ်။ သူက ကျွန်တော်တို့ထဲက မဟုတ်ဘူးဆိုတာ သေချာတယ်"
စသဖြင့် အကုန်လုံးက ပြန်ဖြေကြလေသည်။ဖရန့်မျက်လုံးတွေကို ကျဥ်းမြောင်းလိုက်ကာ Systemကို မေးလိုက်သည်။
'System မင်းရောသိလား'[သူက ခုနကထဲက ဆိုင်ထဲမှာပုန်းနေခဲ့တာ။ စမ်းသပ်ခံနံပါတ်တစ်ရဲ့သွားရေနဲ့ ထိမိခဲ့သေးတယ်]
'အခုရော..အထဲမှာမရှိတော့ဘူးမလား'
[မရှိဘူး။ ကျိန်းသေတယ်]
ဖရန့်စ်ထပ်မမေးခင် Systemက ကျိန်းသေကြောင်း အာမခံလိုက်ပါ၏။"အထဲမှာဘာမှမရှိတော့ဘူး။ အဲ့တော့ မင်းတို့ဆက်စားလို့ရတယ်။ စားစရာမြန်မြန်ရွေးလိုက်တော့။ ပြီးရင် ဆက်သွားကြ..."
ဖရန့်စ် ပြောနေတုန်းမှာပဲ ကောင်းကင်ကြီးက မှောင်မည်းလာကာ မိုးတစ်စက်ချင်းရွာသွန်းလာတာကြောင့် အကုန်လုံးက အထဲကို ပြေးဝင်ကုန်ကြသည်။ ဖရန့်စ်က ဒီအတိုင်းရပ်နေသေးတာကြောင့် ခန်းယောင်က သူ့ကို ဆွဲခေါ်သွားလေသည်။အထဲမှာ လူစုံတာသေချာလေတော့မှ ဇာတ်လိုက်က ဆိုင်တံခါးကို သေသေချာချာပိတ်လိုက်သည်။
တစ်ခြားသူများကလည်း ခုနက ဘာမှမဖြစ်ခဲ့တဲ့အတိုင်းပင် စားစရာရှိတာ ဆက်စားနေသည်။ ဖရန့်စ်ကတော့ တံခါးရှေ့တွင်ရပ်ကာ မိုးရွာနေတာကို ကြည့်နေပါ၏။ ခဏနေတော့ ခန်းယောင်က သူ့ဘေးကိုရောက်လာလေသည်။ ဖရန့်စ် ငုံ့ကြည့်လိုက်တော့ ခန်းယောင်က ခေါက်ဆွဲခြောက်စားနေတာပင်။ သူကြည့်နေတာကို သတိထားမိသွားလို့လားတော့မသိ။ ခန်းယောင်က ခေါင်းလေးစောင်းကာ သူ့ကိုမော့ကြည့်လာလေသည်။ ဖရန့်စ်က ခန်းယောင်ရဲ့နှုတ်ခမ်းစွန်းလေးမှာ ကပ်နေတဲ့ ခေါက်ဆွဲခြောက်အဖက်လေးကို မြင်လိုက်ရတာကြောင့် ဖယ်ပေးလိုက်သည်။ ခန်းယောင်က ပါးချိုင့်လေးပေါ်လာတဲ့အထိ ပြုံးပြလာလေသည်။
ဖရန့်စ် ထိုအပြုံးလေးကြောင့် မှင်တက်သွားတာအမှန်ပင်။ ခန်းယောင်ရဲ့အပြုံးက အရမ်းကိုဖြူစင်လွန်းပါ၏။ ဤကမ္ဘာလောကကြီးတွင် လူတို့၏ ကလိမ်ကကျစ်ပရိယာယ်များသာရှိသည်ဟု ဖရန့်ထင်ထားခဲ့သည်။ ဒီလိုမျိုးဖြူစင်တဲ့ကောင်ကလေးမျိုးက ရှိနေသေးသည်လား။
ထိုအပြုံးက တစ်ယောက်ယောက်နှင့်ဆင်တူနေသလိုပင်။ ဖရန့်စ် သူတွေးမိလိုက်သည့်အတွေးကြောင့် သူ့ကိုယ်သူတောင် ပဟေဠိ ဖြစ်သွားရပါ၏။ ခန်းယောင်က မည်သူနှင့်တူနေသနည်း။ သူလုံးဝစဥ်းစားမရပါချေ။ သူ၏မှတ်ဉာဏ်ထဲတွင်လည်း ထိုသို့သောသူမရှိ.....
YOU ARE READING
Adventure of Demon Lord [ VILLAIN GOD SYSTEM ]
Mystery / Thriller#Unicode ရှောင်ဂျင်(Gong)ဟာ လူတွေအများကြီးကို သတ်ဖြတ်ခဲ့တဲ့ နတ်ဆိုးတစ်ကောင်ဖြစ်သည်။ သူ့ရဲ့အပြစ်တွေကို ကျေစေဖို့အတွက် သူဟာ နတ်ဘုရားတွေရဲ့ လက်အောက်ခံဖြစ်တဲ့ Villain God Systemရဲ့ ထိန်းချုပ်တာကို ခံခဲ့ရသည်။ သူလုပ်ဆောင်ရမှာကတော့ ကမ္ဘာတစ်ခုပြီးတစ်ခု သွား...