မနက်စာဝိုင်းက တိတ်ဆိတ်ကာ ရိပေါ်၏ရှေ့က သားဖနှစ်ယောက်မှာ ကော်ဖီသောက်ရင်း မျက်စတွေ ပစ်နေလေသည်။ အဆူခံရမည်ကို ကြိုသိနေ၍ ငြိမ်ခံနေကြသည့် အတိုင်းပင်။
*ညက သားဖနှစ်ယောက်လုံး အရက်ခိုးသောက်တာပေါ့*
*ကိုယ်က မသောက်ချင်ပါဘူးကွာ။ ချာတိတ်သားလေ အလုပ်ခန်းထဲထိ အတင်းလာခေါ်လို့*
*ဟာ ဒက်ဒီ..!! ဒက်ဒီငြင်းလို့ရရဲ့သားနဲ့နော်။ ခုမှ ဘာလို့ သားအပြစ်လဲ*
*၂ယောက်လုံးတိတ်.!!*
ရိပေါ်မှာ အချင်းချင်း ငြင်းခုန်နေကြသည့် ဦးကျန့်နဲ့ သားသားကို အော်လိုက်သည်။ အိမ်အကူအဒေါ်ကြီးတွေကတော့ အကြောင်းသိတွေလို ခပ်ပြုံးပြုံးတွေနဲ့ ကြည့်နေကြလေသည်။
*သားသား..!သားသားအသက်က အခုမှ၁၈နှစ်ပြည့်တာနော်။ ပါးပါးပြောတာ နားလည်လား..။ သားသား အရက်တွေခိုးသောက်၊ ဆေးလိပ်တွေ ခိုးသောက်တာ ပါးပါးမသိဘူးထင်နေလား။ ယောကျာ်းလေးပါ တစ်ခါတစ်လေတော့ လုပ်ချင်မှာပေါ့ဆိုပြီး လွှတ်ထားတာနော်။ သားသားကို ပျက်စီးအောင် ထားထားတာ မဟုတ်ဘူး*
*သားသိပါတယ် ပါးပါး*
ရိပေါ် ဆူတော့ ခေါင်းလေးငုံ့သွားသည့် သားသားကြောင့် သူ့မှာ စိတ်မကောင်းပြန်။
*ချာတိတ်ရာ..! တစ်ခါတစ်လေပါကွ။ သားသား အပြစ်လဲ မဟုတ်ပါဘူး။ ကိုယ် ဒီအရွယ်တုန်းကလဲ သားသားထက်တောင် ဆိုးသေးတာ..! တစ်ခါတစ်လေလေးကို ဆူပူမနေပါနဲ့*
စောနက ငြင်းခုန်နေတာ သူတို့မဟုတ်သည့်အတိုင်းပင်။ သူ့သား ပုခုံးကိုဖက်ပြီး ချော့နေသည့် ဦးကျန့်ကြောင့် ရိပေါ်မှာ ဘာမှမပြောပဲ မနက်စာသာ စားနေတော့သည်။
သားသားက တစ်ကယ့်ကို ဦးကျန့်အတိုင်းပင်။ အရက်ကလဲ သောက်လိုက်တာဆိုတာ ကြွက်တွင်း။ ပါတီတွေ ဘာတွေ တက်ရပြီဆို သောက်လိုက်သည့် ဝိုင်။ ဆေးလိပ်ကလဲ လက်ကြားညှပ်ချင်သေးသည်။ရန်ဖြစ်သည်ဆိုတာလဲ ခနခန။
ဆိုင်ကယ်ဆိုလျှင်လဲ စီးသည်မှာ တရကြမ်းပင်။ဦးကျန့်က အလိုလိုက်ပြီး ထွက်သမျှဆိုင်ကယ်တွေကို တစ်စီးပြီး တစ်စီးဝယ်ပေးသည်။ တစ်ခါတစ်လေ ရုံးပိတ်ရက်တွေဆို သားဖနှစ်ယောက် ဆိုင်ကယ်ပင် ပြိုင်စီးကြသေးသည်။ အတန်းကြ ပုံမှန်မတက်။
![](https://img.wattpad.com/cover/254345025-288-k265110.jpg)