Chain တစ်ယောက် Diary စာအုပ်ကိုင်တာ Lock အခန်းရှိရာဆီ ဦးတည်လိုက်မိတယ်။ အခန်းတံခါးခေါက်ပြီးခေါ်နေပေမဲ့ ဘာသံမှမကြားရလို့ သေချာကြည့်တော့မှ အပြင်ကနေ သော့ပိတ်ထားတာကြောင့် ကိုယ့်ဘာသာပြန်ပြီးလှောင်ရယ်မိပါပြီ။ စိတ်လောပြီး ဘာမှသေချာမကြည့်မိလို့ အခန်းထဲလူမရှိတာတောင် မသိနိုင်တဲ့အဖြစ်။
အလုပ်ခန်းဆီသွားတော့လည်း မတွေ့တာကြောင့် အောက်ထပ်ဆင်းလာခဲ့တော့လည်း ရှိမနေပါ။ Indigo ဘက်မှာလည်းမရှိ။ ဘယ်သူ့ကိုမှလည်း Lock ကိုဘယ်မှာတွေ့လဲမမေးမိ။ Red ဘက်ကိုထွက်လာတော့ Austin နဲ့ခေါင်းချင်းဆိုင်နေတဲ့ Lock ကို တွေ့လိုက်ရတာကြောင့်"အစ်ကိုလေး"
အလောတကြီး၊ အမောတကောနဲ့ဖြစ်နေတဲ့ Chain ကြောင့် Lock မေးမိတယ်။
"ဘာဖြစ်တာလဲ? ဘာအရေးကြီးလို့လဲ?"
"မေးစရာရှိလို့ပါ"
"မအားသေးဘူး။ အရေးမကြီးရင် နောက်မှ ..."
ပြောနေရင်းက Chain လက်ထဲမှာကိုင်ထားတဲ့ Diary ကိုမြင်လိုက်ရလို့ စကားတွေရပ်ကုန်ပြီး Chain ကိုဒေါသတကြီးကြည့်မိတော့ တစ်ခုခုကိုအရမ်းသိချင်နေသလို မျက်နှာပေးနဲ့။ Lock က Austin ဘက်ပြန်လှည့်ပြီး
"ဒီလောက်ဆို အဆင်ပြေမယ်မဟုတ်လား? လိုတာနောက်မှဆက်ပြောမယ်"
"ဟုတ်ကဲ့၊ ရပါတယ်"
Lock ချက်ချင်းပဲ ထိုင်ရာကထလာပြီး Chain လက်မောင်းကနေဆွဲကာ ပြန်ခေါ်ထုတ်လာခဲ့တယ်။ Violet ဘက်ပြန်လာတဲ့လမ်းမှာ Chain က
"Baby"
"မင်းသောက်ပေါက်ပိတ်ထား"
ခပ်တင်းတင်းဆုပ်ကိုင်ခံထားရတဲ့ လက်မောင်းမှာ လက်သည်းတွေပါ စိုက်ဝင်မတတ်ဖြစ်နေလည်း သတိမထားမိကြတော့ပါ။ Lock ဆွဲခေါ်ရာနောက်ပါလာရင်း ဧည့်ခန်းဆီရောက်တော့ Lock က တွန်းထုတ်လိုက်တာမို့ ဆိုဖာတွေနားကပ်သွားရပြီးမှ Chain ပြန်လှည့်လာပြီး
"ဒါကလေ ..."
"ပေးစမ်း အဲဒီစာအုပ်! မင်း ဘယ်လိုရထားတာလဲ?"
Lock ကဆွဲယူလိုက်တော့ Chain လွှတ်ပေးလိုက်ကာ
"ပန်းအိုးကြီးထဲက"
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...