Crazy

789 72 6
                                    

ဓာတ်ပုံတွေရိုက်ပြီးတော့ မပြန်ဖြစ်တဲ့လူတွေ ကျန်နေကြပြီး တကယ်ကြီး Bachelor Party လုပ်ကြပါရော။ ဘယ်တုန်းကများ ဝယ်ခြမ်းလာကြတယ်မသိတဲ့ အစားအသောက်တွေကို ခြံထဲမှာပွထနေအောင် ခင်းကျင်းထားလိုက်တာများ လူအရေအတွက်ထက်အများကြီးပိုနေမလား။
ညနက်လာလေ သောင်းကျန်းကြလေတောင် ဖြစ်နေကြသလားပဲ။

Paris ကို Mail ပို့နေရင်း စာဝင်လာတာက Hurricane ဆီက။

📩 ငါ့ကိုတောင် မပြောဘူးနော်။ 📩

📨 မင်းသတင်းရတာကလည်း မြန်လိုက်တာကွာ။ ငါတို့လည်း မနက်ကမှ ချက်ချင်းကြီးစီစဉ်လိုက်တာ။ Paris meeting အတွက် Lily အကြံအတိုင်း လုပ်လိုက်ရတာ။ 📨

📩 သူက သဘောတူတယ်ပေါ့။ 📩

📨 အကုန်လုံးမှ သတိမရသေးတာ။ 📨

📩 မင်း ပျော်လား။ 📩

📨 ဟာကွာ၊ ဒါက တကယ်အတည်မှ မဟုတ်တာ။ 📨

📩 အဲဒါကိုတောင် မင်းပျော်နေတာပဲ။ 📩

📨 ငါ ပျော်နေတာလား။ 📨

📩 ပျော်နေတယ်လေ။ မင်းမျက်လုံးတွေမှာ ပေါ်နေတာပဲ။ 📩

"Chain ရေ"

"လာပြီ၊ မီးငယ်။"

📨 ခေါ်နေပြီ။ ခဏနေမှ ငါပြန်ခေါ်ပေးမယ်။ 📨

📩 မနက် အားတော့မှ ခေါ်ပါ။ ငါ နားချင်ပြီ။ ပျော်ရွှင်ပါစေ။ 📩

📨 အဲဒါဆို မနက်မှတွေ့မယ်။ 📨

"Mail ပို့ပြီးပြီလား။ ကိုကို့ကို လာထိန်းဦး။"

"Baby ဘာဖြစ်လို့လဲ။"

"ကိုကြီးတို့၊ Bryan တို့ ဝိုင်းတိုက်ကြတာလေ။"

"ဟာ ... ဒီကောင်တွေ"

Chain ပြေးဆင်းသွားတာကို Lily က

"Chain ခြေထောက်သတိထားလေ။"

ခြံထဲရောက်တော့ တွေ့ပါပြီ။ ဘယ်လိုတွေ ပြဿနာလုပ်နေကြတာလဲ။

"နေမကောင်းသေးတဲ့လူကို ဘယ်လိုတောင် တိုက်လိုက်ကြတာလဲကွာ။"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now