Sick

719 57 6
                                    

ရေတွေစိုရွှဲကာ ရွှံတွေပေကျံညစ်ပတ်နေကြတဲ့ Chain နဲ့ Lock ကိုကြည့်ကာ Lily အကြီးအကျယ် စိတ်ဓာတ်တွေကျနေပါပြီ။ ဒီပုံစံအတိုင်းဆို ညကျရင်လည်း ပွဲကြီးပွဲကောင်းဖြစ်ဦးမှာပင်။
ဇာတ်ရှိန်မြင့်သွားရင်ဖြင့် Lily တို့ပါ အိပ်ရေးပျက်ကိန်းရှိနေတယ်။

"ဆော့လို့ဝရင် ရေမြန်မြန်ချိုးကြပါတော့။ ပြီးရင်ဆေးကြိုသောက်နော်။ ညကျ ကိုကြီးကို ဖုန်းကြိုဆက်ထားမယ်"

"ဆော့ရအောင် ကလေးလား?"

"ကလေးမဟုတ်၊ ကျွဲမဟုတ်ဘဲ ရွှံ့လူးနေကြတာ ကိုကိုတို့လေ"

နှစ်ယောက်သား ဘာမှပြန်မပြောနိုင်ကြပါ။ ရေချိုး၊ ထမင်းစားပြီးတော့ Lily က ဆေးတွေထုတ်ပေးလာသည်။

"ဘာကြည့်နေတာလဲ? ဆေးမမြင်ဖူးဘူးလား? သောက်ကြလေ"

"နာရီဝက်လောက် ရေစိုတာ ဆေးသောက်စရာလား?"

Lock အပြောကို Chain က ခေါင်းတဆတ်ဆတ်ညိတ်ကာ ထောက်ခံနေပါတယ်။
နှစ်ယောက်လုံးကဖြင့် မျက်လုံးတွေနီနေပြီးတော့။

"ရတယ်လေ။ ညကျ တစ်ယောက်ယောက်ဖျားရင် Lily ကို လာမပြောကြနဲ့။ နှစ်ယောက်လုံးဖျားရင်တော့ မနက်နိုးမှ ဆေးရုံပို့ပေးမယ်"

"မီးငယ်၊ အခုပြောနေတာ မီးငယ်ထက်အကြီးတွေကိုနော်"

"သိတယ်လေ။ အဲဒီကလေးကြီးတွေကိုပဲ ပြောမနိုင်တာ။ မသောက်ကြနဲ့"

ကလေးအမေအထာနဲ့ လှည့်ထွက်သွားတော့ Chain ရယ်လိုက်မိတယ်။

"မင်းက ဘာရယ်တာလဲ?"

ပါးစပ်ပြန်ပိတ်ပြီးသာ ခေါင်းခါပြလိုက်တယ်။ သူတို့မောင်နှမက ဘာတွေဖြစ်နေမှန်းမှမသိတာ။

¤

အရုပ်လေးကပြောတယ်။ ဖျားနေကြမယ်နော်တဲ့။
နေပူထဲကနေပြန်လာရင် ရေမချိုးရဘူးဆိုတော့ နေ့လည်က ကိုကိုBaby အပြင်ကပြန်လာပြီး ရေတွေစိုတာ ဖျားနေမလားမသိဘူး။

Chain အတွေးနဲ့အတူ စောင်နဲ့ခေါင်းအုံးရယ်၊ ရေဘူးရယ်ယူကာ Lock အခန်းရှေ့ရောက်သွားတယ်။

"အစ်ကိုလေး၊ တံခါးဖွင့်ပေးပါဦး။ အစ်ကိုလေးရေ"

အထဲက အသံမကြားရလို့ တံခါးထပ်ခေါက်လိုက်တယ်။

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now