Negotiation

762 65 7
                                    

နေ့လယ်ပိုင်းလောက်မှာ Hepius တို့ကိုနှုတ်ဆက်ပြီး Violet ကို ပြန်လာခဲ့ကြတယ်။ နောက်နေ့ညနေအတွက်လည်း ပြင်ဆင်စရာတွေ ပြင်ဆင်ရဦးမယ်။ Paris meeting အတွက်ပေါ့။
Violet ကိုရောက်တာနဲ့ ပြဿနာကစလာပြီ။ Lock နေတဲ့ အခန်းကျယ်ကြီးကိုပဲ နှစ်ယောက်ခန်းဖြစ်အောင် ပြင်ထားပေးကြခြင်း။

"Chain အခန်းထဲက ဘာတွေကိုရွှေ့ပေးရမှာလဲမသိလို့ မရှိမဖြစ်ဟာတွေပဲ ရွှေ့ထားတယ်။ အပြင်အဆင်ကတော့ စိတ်ကြိုက်ရွေးပြီးမှ ကျွန်တော်တို့စီစဉ်ပေးမယ်လေ။ Furniture တွေ အသစ်လဲဖို့ရောပေါ့။"

"အဲဒီခုတင်က လဲလိုက်တာမဟုတ်ဘူးလား။"

Lock က အသစ်မှန်းသိသာနေတဲ့ခုတင်ကို လက်ညှိုးထိုးပြီး ပြောလာတယ်။

"ဟုတ်ကဲ့၊ ခေါင်းဆောင်။ အဲဒီတစ်ခုပဲ အသစ်လဲရသေးတာပါ။"

"အရင်ဟာက ဘာဖြစ်လို့လဲ။"

"ဟိုလေ၊ အသစ်က ပိုအဆင်ပြေမလားလို့ပါ။ ဘာဖြစ်လို့လဲ Chain? ကျွန်တော်တို့ ပြန်လဲပေးရမလား။"

လဲထားပေးမိကြတာလည်း ခုတင်တစ်ခုတည်းပဲ။ နှစ်ယောက်လုံးကလည်း ခုတင်အသစ်ကိုပဲ မျက်မှောင်ကျုံ့ပြီးကြည့်နေတာမို့ ဘာပြောရမှန်းမသိကြ။
Chain လည်း ဘာပြောရမှန်းမသိလို့ Lock ကိုကြည့်မိတော့ Lock က

"ထားလိုက်တော့။ ကျန်တာတွေလည်း အခုအတိုင်းထားလိုက်၊ ရတယ်။ Meeting ကိစ္စ ပြောကြရအောင်။"

ပြောပြီး အလုပ်ခန်းဘက်ထွက်သွားတာကြောင့် နောက်ကလိုက်ရပြန်ပါတယ်။
Meeting ကိစ္စလို့သာပြောသွားတာ Bryan, Austin နဲ့ Nick ကို ညနေမှပြောမယ်လို့ ချိန်းထားတာပါ။

"အခန်းကို မင်းအဆင်ပြေသလိုသာ လုပ်လိုက်တော့။ သူတို့ကတော့ ထင်သလိုလုပ်ထားကြမှာပဲ။"

"အဲဒါဆို Bedside table တွေကိုဖယ်လိုက်ပြီး ခုတင်အသေးတစ်လုံး ထည့်လိုက်မယ်နော်။"

Lock က Chain ကို တစ်ချက်ကြည့်ပြီး

"အင်း၊ မင်းအဆင်ပြေမယ်ထင်သလို စီစဉ်လိုက်။"

"ပြီးတော့ ကိုယ့်ပစ္စည်းတွေလည်း ကိုယ့်အခန်းကိုပဲ ပြန်ရွှေ့ထားလိုက်မယ်။ သူတို့အတွေးနဲ့သူတို့ သယ်ထည့်ထားတာတွေက အများကြီးပဲ။"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now