Matrimony

730 63 4
                                    

"ခေါင်းဆောင်၊ ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်သာ အချိန်မီရောက်ခဲ့ရင်၊ ဒါမှမဟုတ်လည်း ကျွန်တော် တစ်ခါတည်းလိုက်ခဲ့လိုက်ရင် ခေါင်းဆောင်ဒီလိုဖြစ်မှာမဟုတ်ဘူး"

"အခုမှတောင်းပန်နေတော့ရော ငါ့အဖေက အသက်ပြန်ရှင်လာမှာတဲ့လား? မီးငယ်ကရော?"

Baby အသံကြောင့် လှည့်ကြည့်မိတော့ မီးငယ်ကိုပွေ့ဖက်ထားတယ်။ ပွေ့ဖက်ထားတဲ့လက်တွေကြား စီးကျနေတဲ့ နီရဲရဲသွေးတွေ .....

"မဟုတ်ဘူး!!! ဟင့်အင်း၊ မဟုတ်ဘူး ... အား!!!"

............

အား ... အိပ်မက်ဆိုးတစ်ခု။
တော်တော်လေးကိုဆိုးလွန်းတဲ့ အိပ်မက်ခပ်ကြမ်းကြမ်းတစ်ခုပါပဲ။ တစ်ကိုယ်လုံး ချွေးတွေစိုရွှဲပြီး၊ ရင်ထဲလည်း ရထားတစ်စင်းခုတ်မောင်းနေသလို။ အောက်ဆီဂျင်ပြတ်သွားရာကနေ အခုမှ လေပြန်ရှူရသူလို အသက်ပြင်းပြင်းရှူရင်း တုန်ရင်နေတဲ့လက်ကိုထိန်းကာ ရေသောက်ဖို့ကြိုးစားတာတောင် ရေပုလင်းက မှောက်ဖြစ်အောင်မှောက်ပါသေးတယ်။
အရင်ကဆို ခေါင်းဆောင်သေဆုံးခဲ့ရတဲ့အကြောင်း အိပ်မက်တွေမက်ဖူးပေမဲ့ ဒီတစ်ခါတော့ မီးငယ်ကပါ ဘာလို့သွေးတွေနဲ့လဲ?
ဟင့်အင်း၊ ဘာနိမိတ်မှမဟုတ်ဘူး။ Baby ပြန်သတိရမှာကို ရင်မဆိုင်ရဲတဲ့ကြောက်စိတ်က အိပ်မက်ဆိုးတစ်ခုကို ဖန်တီးရုံသက်သက်ပဲ ဖြစ်မှာပါ။
Baby နားကို အခုပဲပြေးသွားချင်သလိုလို၊ Violet ကိုပဲ မပြန်ရဲတော့ဘူးလိုလိုနဲ့ စိတ်တွေလွန်ဆွဲပြီး ပင်ပန်းရပါတယ် Baby ရယ်။

ကိုယ့်အပေါ် အမုန်းတွေရှိရင် ပြေပါတော့။
Baby အပြုံးတွေနဲ့သာ သေပါရစေ။

¤

တစ်ရက်လုံးလုံး အခန်းအောင်းနေလိုက်တာမို့ အတူတူညစာစားဖို့လာခေါ်တဲ့ အဖွဲ့သားတွေကို မငြင်းချင်တော့ပါဘူး။

"Chain က ခေါင်းဆောင်မပါတာနဲ့ Battery ဖြုတ်ထားတဲ့အရုပ်လိုပဲ။ ကျွန်တော်တို့ကို ရှိတယ်လို့တောင် မှတ်ရဲ့လားမသိပါဘူး"

"မဟုတ်ပါဘူးကွာ မင်းတို့ကလည်း"

"အဲဒီလိုပြောနေတဲ့မျက်နှာကို မှန်ထဲပြန်ကြည့်ပါဦး ကိုယ့်ဆရာရယ်"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now