Recall

650 62 9
                                    

"ကိုကို၊ Blue Diamond နဲ့ လေလံပစ္စည်းကိစ္စတွေက ဘယ်လိုဖြစ်သွားပြီလဲ?"

"အဲဒါ Chain က Hurricane နဲ့ပြောပြီးသွားပြီ"

"ဘယ်တုန်းက ပြောတာလဲ?"

"Wedding ပြီး နောက်ရက်လို့ ပြောတာပဲ? ဘာဖြစ်လို့လဲ မီးငယ်?"

"ဪ၊ မပြောဖြစ်ကြသေးဘူး ထင်လို့ပါ။ ကိုကို မှတ်ဉာဏ်ပျောက်နေတာ ရိပ်မိသွားကြမှာစိုးလို့"

"အင်း၊ အဲဒါကြောင့်ပဲ Chain ကသွားတွေ့လိုက်တာ။ စာရင်းတွေပါ တစ်ခါတည်းစုနေတာ မနေ့ကပြီးသွားလို့ ကိုကို့ကို ပေးထားတယ်"

"ဟုတ်"

မနေ့ကမှ ကိုကို့ကိုအသိပေးတယ်တဲ့။ ဒါပေမဲ့ အဲဒီစာရင်းက တစ်ရက်၊ နှစ်ရက်နဲ့ပြီးမယ့် စာရင်းမျိုးမဟုတ်ဘူး။ တကယ်ပဲ အဲဒီနေ့က လေလံပစ္စည်းကိစ္စနဲ့ တွေ့ကြတာလား? အဲဒီကတည်းက ဒီကိစ္စလုပ်နေခဲ့တာလား? Rapunzel ထင်သလိုမဟုတ်ရင်တော့ အကောင်းဆုံးပါပဲ။

¤

*ချွင်*

Lock အလုပ်ခန်းစားပွဲပေါ်မှာရှိတဲ့ အသီးပန်းကန်ထဲက ခက်ရင်းပြုတ်ကျပြီး ထွက်လာတဲ့အသံ။ ဒါပေမဲ့ နားထဲမှာ ဆက်ကြားနေရတာက

"ဘာတွေဖြစ်ပြန်ပြီလဲကွာ?"

"Tsk! မင်း ... မင်း ဘာလို့ အဲဒီလောက်လျင်တာလဲ?"

"ဟား ဟား ... ကိုယ့်ကိုချီးကျူးတာလား?"

ဘာတွေလဲ? အဲဒါ Chain နဲ့ပြောခဲ့ဖူးတဲ့စကားတွေလား? ပြီးတော့ ကိုယ်က Chain လည်ပင်းကို ခက်ရင်းနဲ့ထိုးလိုက်တာ။ တော်သေးတာက Chain ကလက်နဲ့ကာလိုက်လို့ လက်ကိုပဲထိုးမိသွားတာ။
သူ့လက်ဝါးမှာကသွေးတွေ လက်ကောက်ဝတ်တစ်ဖက်မှာက Bracelet လေး။ ကိုယ့်သေတ္တာထဲမှာလည်း သူပေးထားတာ တစ်ခုရှိသားပဲ။
အတွေးတွေရှုပ်လာတာမို့ Cigarette တစ်လိပ်ထုတ်ယူပြီး ဖွာရှိုက်မိတော့ ဆေးလိပ်ငွေ့တွေကြား ပေါ်လာပြန်တဲ့ အာရုံတွေ ...

"Baby, ဆေးလိပ်သောက်တာများနေပြီလေ"

"မင်းပါးစပ်ပိတ်ထား"

Cigarette ဘူးကိုဆွဲယူလိုက်တဲ့ Chain လက်ကို ဆေးလိပ်မီးနဲ့ထိုးလိုက်တာ ကိုယ်ကိုယ်တိုင်ပဲလား? Chain ကလည်း လုံးဝမလွှတ်တာမို့ ဖယ်လိုက်ပြီး ငြိမ်းခါနီး Cigarette ကို တစ်ချက်ရှိုက်လိုက်တော့ မီးကရဲခနဲ။

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now