Dinner ပြီးတဲ့အချိန် Dinner မှတ်တမ်းဓာတ်ပုံတွေရယ်၊ အစည်းအဝေးပြီးပြီးချင်း Nick ပြန်စစ်ပေးထားတဲ့ Meeting က voice record တွေရယ်ကို ပို့ပေးပြီးချိန်မှာ Lily က
"ကိုကိုနဲ့ မီးငယ်မခေါ်ဘူး။ ဘာမှမပြောခိုင်းနဲ့။ ပြောချင်ရင် ကိုယ့်ဘာသာဖုန်းခေါ်ပြော"
မေးဖို့ကြံစည်တုန်းမှာ ဒီကလေးက ဘယ်လိုထဖြစ်တာလဲ?
"ဘာဖြစ်ကြတာလဲ မီးငယ်?"
"Honeymoon ကိုလေ ကလေးဆန်တယ်တဲ့။ မပြောချင်ပါဘူး၊ တော်ပြီ။ တာ့တာ"
"ဪ ..... အေးပါ၊ တာ့တာ"
ဒီအတိုင်းဆို အဲဒီကိစ္စဆက်မပြောတာ ကောင်းလိမ့်မယ်ထင်ပါတယ်။ စားပွဲပေါ်တင်ထားတဲ့ Directory တွေကို တစ်ချက်ကြည့်လိုက်ပြီး Lock ဆီ ဖုန်းခေါ်လိုက်တယ်။
"Baby ကို မီးငယ်နဲ့အတူရှိမယ်ထင်လို့ record တွေ မီးငယ်ဆီပို့လိုက်တယ်"
"အင်း၊ ငါ့ဆီလည်းဝင်တယ်၊ သူချိတ်ထားပေးတယ်။ အဲဒီကလေးမက အခုစိတ်ကောက်နေတယ်။ သူ့ကိုကလေးဆန်တယ်လို့ ပြောလိုက်မိလို့လေ"
"မီးငယ်ပြောပါတယ်"
"ပုံတွေကြည့်နေတာ။ Voice record ကိုက ပုံကြည့်ပြီးမှနားထောင်မလို့။ တော်တော်များများကိုက ငါသိပြီးသားလေ။ Camera ကွယ်နေတာလေးတွေသာ ပြန်နားထောင်ရမှာ"
"Baby က Lip sync တွေကျ သိနေသားပဲ"
"ဘယ်လောက်တောင်အသားကျခဲ့တဲ့ အလေ့အကျင့်လဲ?"
"မှန်ပါတယ်။ ကိုယ့်ကိုကြည့်မရတဲ့အလေ့အကျင့်လေးပါ ပါလာသေးတယ်မဟုတ်လား?"
"ဟုတ်တယ်။ အလကားနေရင်း ကြည့်မရတာကွာ၊ သိပြီလား? အဲ ..... ဒီမှာတွေ့တာ Dark Green နဲ့ Lady, အဲဒါ ငါသိတဲ့လူလား?"
"Dinner မှာလား?"
"အင်း၊ မင်းအနားဝဲနေတဲ့ Lady လေ။ အဲဒီမြင်ကွင်းမျိုးရယ်၊ အဲဒီ Lady ရယ်ကို ငါရင်းနှီးတယ်"
"အဲဒါ Baby ဒီကိုရောက်ရင် Baby အနားကပ်နေကျ ဟိုဘက် Group က Secretary လေ။ အခုဟာကလည်း ကိုယ့်ဆီကနေ Baby အကြောင်းမေးနေတာ။ ကိုယ့်ကိုတောင်ခနဲ့သွားသေးတယ်"
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...