Thoughts

674 63 4
                                    

"ဪ၊ နေ့လည်စာတော့ မီကြသေးတယ်နော်"

"ပြန်အိပ်ပျော်သွားကြတာ။ အစ်ကိုလေးက ရေချိုးပြီးဆင်းလာမယ်တဲ့"

"အဲဒီတော့ Chain ပြောချင်တာက Baby ကိုခဏစောင့်ပါလို့လား?"

Chain နဲ့ Lily နေ့လည်စာစားဖို့ ရှေ့ဆင့်နောက်ဆင့်ဝင်လာကြပြီး အိပ်ပျော်နေကြလို့ မနက်စာလွတ်သွားတဲ့နှစ်ယောက်ကို Lily စနောက်နေခြင်းပါ။
Chain က ခေါင်းသာညိတ်ပြလိုက်တယ်။ ပြင်ပေးထားတဲ့ထမင်းဝိုင်းမှာ ဝင်ထိုင်ကြပြီး အိမ်အကူတွေထွက်သွားချိန်မှာပဲ Lock က အချိန်ကိုက်ရောက်လာပါတယ်။

"ကိုကိုတို့ ညက ဘာတွေထဖောက်ကြတာလဲ?"

"အိပ်မပျော်လို့ပါ"

"အိပ်မပျော်ရင် အဲဒီလိုသောင်းကျန်းရတာလား? တော်ရုံဆိုမပြောပါဘူး။ အခုဟာက ဝရန်တာထွက်ပြီး အသံတွေကလည်း တဖြည်းဖြည်းကျယ်လာတာ စိတ်ကုန်စရာ။ မနက်ကလည်း အကုန်လုံးပြောနေကြတယ်။ အစ်ကိုလေးနဲ့ Chain က ညကမူးပြီးများ သီချင်းတွေထဆိုကြတာလားတဲ့။ Night Duty ကျတဲ့ Guard တွေကတော့ ခေါင်းဆောင်တို့ ညတိုင်းအဲဒီလိုဆိုရင် သူတို့မပျင်းရဘူးတဲ့"

"အင်း၊ အဲဒီတော့ဘာဖြစ်လဲ? အားလုံးသဘောကျတယ်လေ။ မီးငယ်တစ်ယောက်ပဲ ဘာထဖြစ်နေတာလဲ?"

"ကိုကို! ဟုတ်ပြီ၊ မှတ်ထားနော်။ တစ်ခုခုသိချင်မှ မီးငယ်ရေ... ဆိုလို့ကတော့ No ပဲ။ Chain, ကိုယ့်လူကိုယ်ကြည့်ထိန်းလေ။ ဘာကိစ္စ မီးလောင်ရာ လေပင့်ပေးနေတာလဲ?"

"အစ်ကိုလေးက အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာလို့ မီးငယ်"

"အာ ... အင်းပါ။ ဂရုစိုက်ပါကိုကိုရယ်။ သိပ်အများကြီး မတွေးနဲ့လေနော်"

စိုးရိမ်သွားတဲ့မျက်နှာလေးနဲ့ Lily က အစ်ကိုကိုတော့ အရမ်းချစ်တတ်သူပါ။

¤

တစ်ပင်လုံး ပန်းရောင်ဖြစ်နေတဲ့အပင်တွေအောက်က ခုံဝိုင်းလေးတွေနဲ့ ချစ်စရာကော်ဖီဆိုင်လေး။ ထောင့်ကျကျဝိုင်းမှာ ထိုင်နေတဲ့ အနက်ဝမ်းဆက်နဲ့ Lily ဆီ ပန်းရောင်ပွင့်ကြွေတွေကို ဖြတ်နင်းပြီးဦးတည်လာတဲ့ အနီတောက်တောက် High Heels နဲ့ အနီရောင်မိန်းမလှတစ်ဦး။

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now