Triangle

610 60 11
                                    

မီးငယ်နိုးလာတော့ ကိုကိုက Starry House ကိုသွားတယ်တဲ့။ နိုးတဲ့အထိတောင် အိမ်မှာမနေပေးဘူး။ သူ့စိတ်ထဲပူလောင်နေရင်လည်း အဲဒီကိုသွားတော့ အမှတ်တရတွေနဲ့ဆိုရင် ပိုမဆိုးဘူးတဲ့လား?
ဘာကိုပိုင်ဆိုင်ချင်မှန်းမသိတဲ့လူတစ်ယောက်နဲ့ လက်လွှတ်ဖို့ခက်နေတဲ့လူနှစ်ယောက်ကြားက ပဋိပက္ခတွေကို မီးငယ်လည်း ရှင်းမပြတတ်တော့ဘူး ကိုကို။
ချစ်ရတာပူလောင်မှန်း မီးငယ်မသိလို့မဟုတ်ပါဘူး။ ပျော်ပျော်ကြီးလောင်ကျွမ်းနေကြတဲ့ မီးငယ်တို့တွေက ခိုဝင်ရာမမှန်ခဲ့တဲ့ ပိုးဖလံတွေ

¤

စိတ်ရှုပ်လို့ထွက်လာခဲ့ပြီးမှ ဒီနေရာကပိုပြီးစိတ်ရှုပ်စေမယ်လို့ မတွေးခဲ့မိတာ ကိုယ်တိုင်ရဲ့အမှားပဲ။ Bedroom ထဲက ရုန်းရင်းဆန်ခတ်လှုပ်ရှားမှုတွေ၊ Kitchen ထဲက လူနှစ်ယောက်ရဲ့ရယ်မောသံတွေ၊ ပြီးတော့ ကြာခဲ့ပြီဖြစ်တဲ့ ဟိုးအတိတ်ကပုံရိပ်တွေ။ အနှစ်နှစ်ဆယ်နီးပါးသိကျွမ်းလာတဲ့ လူတစ်ယောက်ကို လျစ်လျူရှုဖို့က လွယ်တဲ့ကိစ္စမဟုတ်မှန်းတော့ သိပါတယ်။
သံယောဇဉ်လား၊ အလေ့အကျင့်လား မသဲကွဲသလို အနေနီးလို့လား၊ ရုန်းမထွက်နိုင်တာလား သေချာမသိဘူး။

¤

ငါ နင့်ကို သတိမရသလိုနေလို့ရရင်တောင် မေ့လို့မရဘူးလေ။ ငါ့ကို နင်အကြိမ်ကြိမ်ပေးခဲ့တဲ့ မျှော်လင့်ချက်တွေလိုမျိုး တစ်ဘက်လူကိုအခါခါသတ်တဲ့ပြစ်မှုကို နင့်အဆက်ဟောင်းက ငါ့အစ်ကိုအပေါ်ကျူးလွန်နေတယ်။ ကျူးလွန်သူအပြစ်တော့မဟုတ်ပါဘူး၊ လည်စင်းပေးနေတဲ့သူကိုက မှားနေခဲ့တာ။
တစ်ခါတလေမှာ ငါ နင့်ကိုမနာလိုဘူး Ivy. ဘဝပေးပြီးချစ်တဲ့လူရော၊ သူ့နှလုံးသားနဲ့ရင်းပြီး ချစ်ပေးခဲ့တဲ့ ညီမလေးရော။ ငါဆိုတာကိုတော့ စာရင်းမသွင်းခဲ့ဖူးရင် အစကတည်းက အပြတ်ငြင်းခဲ့ပါလား?

¤

လှောင်အိမ်မှန်းသိပါရဲ့နဲ့ ငါကိုယ်တိုင်ကမရှောင်လို့ မိခဲ့မှတော့၊ မင်းအပြစ်မဟုတ်ပါဘူး Dexter. အစမပျိုးခင်ကတည်းက အဆုံးသတ်နေပြီးသားဇာတ်လမ်းကို ငါက ဘာတွေထပ်စောင့်ကြည့်ချင်နေမှန်း ကိုယ်တိုင်လည်းမသိတော့ပါဘူး။ The End လို့စာတန်းထိုးပြီးမှ နောက်တစ်ခန်းကိုလှမ်းမျှော်နေမိတာ။
ရုပ်ရှင်တွေလို လိုတဲ့နေရာရစ်ကြည့်လို့ရရင်တောင် ငါ့အတွက်နေရာမရှိခဲ့ဘူးထင်ပါရဲ့။
Red Carpet ဆိုတာ ဇာတ်နာခဲ့တဲ့အရံလူတစ်ယောက်အတွက် မဟုတ်ခဲ့ပြန်ဘူး။ မပေးဘဲယူနေခဲ့မိတာ ငါ့နှလုံးသားကိုအားနာဖို့ကောင်းလောက်အောင် ဒဏ်ရာတွေချည်းပဲ။

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now