Identity

543 55 7
                                    

မိုးမလင်းခင်မနက်စောစောမှာ မောင်းလာသူတစ်ယောက်ကလွဲပြီး တခြားဘယ်သူမှမပါတဲ့ကားလေး Starry House  ရှေ့မှာရပ်သွားတော့ တံခါးလာဖွင့်ပေးတဲ့ Guard ကို

"ဘာတွေကြာနေတာလဲ?"

"ဒီအချိန်ကြီး တခြားကားနဲ့ရောက်လာလို့ သေချာကြည့်နေလို့ပါ။ တောင်းပန်ပါတယ် ခေါင်းဆောင်။ ဒုခေါင်းဆောင်ကလည်း ခေါင်းဆောင်ရောက်လာမယ်လို့ ကြိုမပြောထားဘူးဗျ"

"Chain ရောက်နေတာလား?"

"ဗျာ။ ခေါင်းဆောင်တို့ ..."

"အင်း၊ ထားလိုက်တော့။ ငါကိုကလည်း Spectrum ကကားတွေမသုံးချင်လို့ သက်သက်မဲ့ တခြားကားနဲ့လစ်ထွက်လာတာ"

"ဟုတ်၊ မနက်အတွက် ဘာစီစဉ်ပေးရမလဲ ခေါင်းဆောင်"

"မနက်အတွက်? ရတယ်၊ လိုမှပြောတော့မယ်။ သွားလို့ရပြီ"

အိမ်ထဲဝင်လာပြီး လာရင်နားနေကျအခန်းရှေ့ကိုရောက်လာကာ တံခါးဖွင့်တော့ ထင်တဲ့အတိုင်း ဖွင့်မရ။ Chain ဆိုတဲ့ကောင် ရောက်လာရင်လည်း တခြားအခန်းမသုံးဘဲ ဘာလို့ဒီထဲရောက်နေတာလဲ?

တံခါးခေါက်မနေတော့ဘဲ ကိုယ်သိမ်းနေကျနေရာကနေ အခန်းသော့ယူပြီးဖွင့်ဝင်လိုက်တော့ ကိုယ်တော်က ခေါင်းအုံးဖက်ပြီး အဆန့်သားအိပ်နေလိုက်တာများ။
ခေါင်းအုံးတစ်လုံးနဲ့ သူ့မျက်နှာပေါ် ဗုန်းခနဲရိုက်ပြီးနှိုးတာကို ထထိုင်ကာမျက်စိဖွင့်ကြည့်ပြီး ပြန်လှဲအိပ်သွားပြန်တယ်။ ကိုယ်သာ လူသတ်သမားဆိုရင် သင်းတော့ဘဝကူးနေပြီ။
လက်မောင်းကို အားပြင်းပြင်းနဲ့ရိုက်လိုက်တော့မှ သေချာနိုးတယ်ထင်ပါရဲ့။ မျက်လုံးတွေအတင်းဖွင့်ပြီး အယောင်ယောင်အမှားမှားရုပ်နဲ့ Baby ရောက်လာတာလားဆိုပဲ။ လူသတ်မှုတွေဖြစ်ကုန်တော့မယ်။

"အေး၊ ငါ။ မင်းက ဘယ်မှာလာသေနေတာလဲ?"

"ဟို ... မနက်မလင်းသေးဘူးမဟုတ်လား? အစောကြီး ဘာဖြစ်လို့လဲဟင်?"

"ဘာမှမဖြစ်ဘူး။ ထစမ်း ခုတင်ပေါ်က"

"ဟုတ်၊ ဟုတ်"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now