ခပ်လှမ်းလှမ်းက စကားပြောသံတွေကြားနေရသလိုပဲ။ အိပ်ရာနိုးလာသလိုပဲမို့ မျက်လုံးတွေအဖွင့်။
ဘယ်ရောက်နေတာလဲ။ ဒါ ဂိုဒေါင်(၂)ရဲ့နားနေခန်း။ ဘာတွေလဲ။Chain ထထိုင်လိုက်ပြီး စဉ်းစားနေရာကနေ အပြင်ကိုထွက်လာတော့
"ဟာ၊ Chain. နိုးလာပြီလား။"
တပည့်နှစ်ယောက်က အရိုအသေပေးပြီး အနားကို စိုးရိမ်တကြီးကပ်လာကြတယ်။
"အင်း၊ ဘာတွေဖြစ်သွားတာလဲ။"
"လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကပဲ လူသုံးယောက်၊ ကားတစ်စီးနဲ့ Chain ကို လာပို့ပေးသွားကြတာပါ။ Chain ရဲ့ပစ္စည်းတွေရော၊ လက်နက်တွေရောပါ ပေးသွားပါတယ်။ ဘယ်သူတွေလဲမသိလိုက်ရဘူး။ အခုအချိန်က တာဝန်လဲကြတဲ့အချိန်လေ။ ကျွန်တော်တို့လည်း အခန်းထဲခေါ်လာပြီး အခြေအနေစောင့်ကြည့်နေတာ။"
တစ်ယောက်ကရှင်းပြပြီးတော့ နောက်တစ်ယောက်က
"ဟုတ်။ ကျွန်တော် ခုနကပဲ ဆရာ Bryan ကို အကြောင်းကြားထားပါတယ်။ Violet နဲ့ Redကိုတော့ ဆရာကပဲ ဆက်သွယ်လိုက်မယ်ပြောပါတယ်။ Chain အဆင်ပြေရဲ့လားဗျ။"
တာဝန်လဲချိန်ဆိုတော့ မနက်ခြောက်နာရီ။ မဟုတ်သေးပါဘူး၊ တစ်ညနဲ့ပဲ ပြန်လွှတ်တာလား။
ချက်ချင်းပဲ အခန်းထဲပြန်ဝင်၊ ဖုန်းကိုယူပြီး Date ကိုကြည့်မိတယ်။ တကယ်ပဲ တစ်ညနဲ့ပြန်လွှတ်ခဲ့တာပဲ။ မဖြစ်ဘူး၊ Baby သိရင် သံသယဝင်ပြီပဲ။
ပစ္စည်းတွေအကုန်ကောက်ထည့်ပြီး အပြင်ထိပြေးထွက်ခဲ့တော့ နောက်ကနေ တပည့်တွေပါ ပြေးလိုက်လာကြတယ်။ ရှေ့မှာတွေ့တဲ့ဆိုင်ကယ်ပေါ် အမြန်တက်လိုက်ပြီး"Bryan လာရင် ပြောလိုက်ပါ။ ငါ Violet ကိုသွားတယ်လို့။"
"ဟုတ်"
Griffin က ရန်တိုက်ပေးဖို့ စီစဉ်နေတာပဲ။
Violet အိမ်တော်ကိုရောက်တော့ ဂိတ်က ကိုယ့်ကိုမြင်တာနဲ့ အံ့ဩတကြီးတံခါးဖွင့်ပေးတယ်ဆိုရင်ပဲ ဆိုင်ကယ်ကို အရှိန်နဲ့မောင်းဝင်ပြီး ဆင်ဝင်အောက်မှာထိုးရပ်လို့ Baby အခန်းဆီသာ ဦးတည်လိုက်မိတယ်။ Violet တစ်ခုလုံးတော့ ပွက်လောရိုက်နေမလား။
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...