တကယ်ကို သော့ပွင့်သွားခဲ့တာ။
Chain ကိုယ်တိုင်လည်း ကြောင်အနေပြီးမှ သူ့အာရုံက တစ်စုံတစ်ခုဆီရောက်သွားကာ ထုတ်ယူလိုက်တယ်။ Bracelet လေးကို သေချာကြည့်နေပြီးမှ Lock ဘက်လှည့်လို့ မေးလာတယ်။"အစ်ကိုလေး၊ ဒါကလေ ... ဒါနဲ့ အတူတူပဲလား?"
သော့လေးနဲ့ Bracelet လေးကိုပြလိုက်၊ သူ့အင်္ကျီလက်ရှည်ကိုဆွဲတင်ပြီး သူပတ်ထားတဲ့ Bracelet ကိုပြလိုက်နဲ့ တွေးရခက်နေပုံ။
Chain မေးလိုက်တော့မှ Lock လည်း ငေးကြည့်နေရာက သတိပြန်ကပ်လာပြီး"အင်း၊ ဟုတ်တယ်။ ဟုတ်တယ်လေ၊ မင်းပေးထားတာ"
"တကယ်?"
"အင်း"
Lock က အဖက်မလုပ်သလိုနဲ့ အလုပ်တွေဆီ အာရုံပြန်ပို့သွားပေမဲ့ Chain ကတော့ အားပါးတရပြုံးရယ်လာပြီး
"ဟား ဟား၊ တကယ်ကြီးလား အစ်ကိုလေး?"
"အင်း"
"အစ်ကိုလေးက သိမ်းထားတယ်ပေါ့? ပေးထားတာကြာပြီလားဟင်? ငါက ဒါလေးကို မနေ့ညကမှ ငါ့အခန်းထဲမှာတွေ့လို့ ပတ်ထားမိတာ"
"ငါမကြိုက်လို့ အဲဒီထဲထည့်ထားလိုက်တာ။ ကြာပြီထင်တာပဲ"
"မကြိုက်ဘူးလား? လဲလိုက်မယ်လေ။ မဟုတ်သေးပါဘူး၊ သော့နဲ့လက်ထိပ်က ငါတို့နာမည်နဲ့ဆို သူ့ဘာသာအဆင်ပြေနေပြီပဲ။ မလဲတော့ပါဘူး"
တစ်ယောက်တည်း အမျိုးမျိုးဖြစ်ပါသော Chain ကြောင့် Lock က ရယ်လိုက်မိပြီး
"အဲဒီသေတ္တာ Lock ကို မင်းက ဘာလို့သိနေတာလဲ?"
"မသိဘူး၊ အစ်ကိုလေး။ ငါလည်း သေချာသိလို့တော့မဟုတ်ဘူး။ ဒီတိုင်းဖွင့်ကြည့်မိတာ။ ဘာလို့ပွင့်သွားတာလဲဟင်?"
"ဂဏန်းတွေမှန်သွားလို့လေ"
ဒီထက်ပိုပြီးလည်း မပြောချင်တော့ပါ။ အဲဒီကိန်းဂဏန်းတွေက ကိုယ်နဲ့ပတ်သက်နေတာကြောင့် မေးလာမှာကို မဖြေချင်လို့ မသိချင်ယောင်ဆောင်နေလိုက်မိတာ။
Chain ကတော့ ပစ္စည်းတွေ တစ်ခုချင်းထုတ်ပြီး တစ်ခွန်းချင်းမေးနေတယ်။ Lock ကလည်း တစ်ခုချင်းစီ ပြန်ဖြေပေးနေမိတယ်။ ရှေ့ကစားပွဲပေါ်မှာတင်ထားတဲ့ စာရွက်တွေ၊ Laptop ထဲက Data တွေကတော့ ပုံပြင်တွေနားထောင်ပြီး တစ်ရေးအိပ်နေလောက်ပါပြီ။
Lock မေးခဲ့တုန်းကလည်း Chain က ဒီလိုပဲ ပြောပြခဲ့ဖူးတယ်မဟုတ်ပါလား?
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...