"Chain, ဆိုဖာမှာပဲလှဲလိုက်။ ငါ ဒဏ်ရာတွေကိုကြည့်ပေးမယ်။"
Hepius တစ်ယောက် သူလွှတ်ချခဲ့တဲ့ဆေးအိတ်ကို ပြန်ကောက်ရင်း Chain ကိုတွဲလို့ ဆိုဖာပေါ်လှဲစေတဲ့အထိ Lock ကတော့ ဒီအတိုင်းရပ်ကြည့်နေတယ်။
Chain ရဲ့ဒဏ်ရာကိုကြည့်မိတဲ့ Hepius မျက်လုံးပြူးသွားတယ်။"မင်း ညက ဘာတွေလုပ်သေးလဲ။ ဒီလက်က ... ဒါကရော ဘာဖြစ်တာလဲ။"
"ဟင့်အင်း"
သူတို့နဲ့မျက်နှာချင်းဆိုင်မှာ ခပ်အေးအေးဝင်ထိုင်တဲ့ Lock က
"ညက BBQ လုပ်တယ်။ ငါ့ကို အခန်းထဲမ,ပို့တယ်။ မနက်က နည်းနည်းအကန်ခံရတယ်။ အပြင်မှာဘာလုပ်လာလဲတော့ ငါမသိဘူး။ သူ့လက်ကိုက ငါခက်ရင်းနဲ့ ထိုးလိုက်တာ။"
"ဘာပြောတယ်။"
Hepius ဒေါသတကြီး မတ်တပ်ထရပ်တော့ Chain က ဆွဲထားပြီး
"ငါ့ကို ဒဏ်ရာကြည့်ပေးမှာမဟုတ်လား။"
"တောက် ... မင်းကရော ဘာကိစ္စ ဒီလိုဖြစ်အောင်နေတာလဲ။ အခု ရေနွေးလိုချင်တယ်။ Lock! ငါ့ကို ရေနွေးယူပေးပါ။"
"ငါနဲ့ဘာဆိုင်လို့လဲ။"
"Lock!!!!!"
Hepius တို့ တစ်ချိန်လုံးဘီလူးဆိုင်းတီးနေတာမို့ Chain ကပဲ လက်မလွတ်တမ်းဆွဲထားရင်း
"ဟိုလေ ... ခုနက ငါ ကော်ဖီဖျော်ရင်း ရေနွေးကျိုပြီး ဓာတ်ဘူးထဲထည့်ထားတာရှိတယ်။ မင်းပဲသွားယူလိုက်နော်။"
Hepius ဒေါသထိန်းပြီး မီးဖိုခန်းထဲဝင်လာလိုက်တော့မှ စားပွဲပေါ်က စားလက်စတွေကို အတွေ့မှာ
"Lock! မင်း လာစမ်းပါ ဒီကို။"
"မင်းခေါ်တိုင်း လာစရာလား။"
ဧည့်ခန်းနဲ့ ထမင်းစားခန်းကို လှမ်းအော်နေကြတာမို့
"အပေါ်မှာ သွားနားရင်နားလေ။ ဒီကောင် ပေါက်ပေါက်ဖောက်နေရင် Baby နားငြီးလိမ့်မယ်။"
Lock က လုံးဝအဖက်မလုပ်ဘဲ ဆက်ထိုင်နေတယ်။ ခဏနေတော့ Hepius က ရေနွေးတွေထည့်လာတဲ့ ဇလုံကို စားပွဲပေါ်ဆောင့်ချရင်း
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...