20. Ivy

869 84 5
                                    

"Dexter, ဦးလေးက သူဌေးဆီကိုသွားရမှာ။ သားက ကျောင်းကနေအိမ်ကို ကိုယ့်ဘာသာပြန်တတ်အောင် လမ်းတွေသေချာမှတ်နော်။ သိပ်မဝေးတော့ လမ်းလျှောက်ပြန်လို့ရတာပဲ။ အိမ်မှာ ညနေကျရင် ဆိုင်ကလာပို့တာကို စားထားနှင့်။"

"ဦးဦးက နောက်ကျမှာလားဟင်။"

"အင်း၊ အိမ်ကိုတန်းတန်းမတ်မတ်ပြန်ပြီး အိမ်ထဲမှာပဲနေ။ တံခါးတွေ သေချာပိတ်ထား။"

"ဟုတ်"

"ကဲ၊ ကျောင်းရောက်ပြီ။ ဝင်သွားတော့။"

"ဟုတ်။ တာ့တာ ဦးဦး။"

"အင်း၊ ကောင်းကောင်းသွား။"

¤

"သားကို ဦးဦးက အမွေစားအမွေခံသားအဖြစ် မွေးစားလိုက်ပြီ။ အဲဒီတော့ ဦးက သားရဲ့အဖေဖြစ်သွားပြီ။"

"အဖေလား။"

"အင်း"

"ဟုတ်"

¤

"ဟေး၊ မင်း ပိုက်ဆံဘယ်လောက်ပါလဲ။ ငါတို့ကိုပေးလိုက်။"

"မပါလာဘူး။"

"စကားနဲ့ပြောတုန်း ပေးလိုက်လေ။ မင်းက အသားနာချင်တာလား။"

"တကယ်မပါတာပါ။"

"ခေါင်းမာနေတာ။ ကဲကွာ။"

ဝိုင်းဝန်းထိုးကြိတ်နေကြတဲ့ အကောင်ကြီးကြီးကလေးတစ်သိုက်။
အားမတန်လို့မာန်လျှော့ကာ ခေါင်းငုံ့ခံနေတဲ့ ကောင်လေးတစ်ယောက်။
လမ်းကြားထဲကဒီမြင်ကွင်းကို စားသောက်ဆိုင်အပေါ်ထပ်ကနေ တွေ့နေတဲ့ ကလေးငယ်တစ်ယောက်။

"မင်းတို့ ရပ်လိုက်။"

တစ်ဖွဲ့လုံးလှည့်ကြည့်လာကြတော့ မြင်လိုက်ရတာက Rich kid ကောင်လေးတစ်ယောက်။

"ဟားဟား ... မင်းက သူ့အစား ပိုက်ဆံပေးချင်လို့လား။"

အာရုံပြောင်းသွားကြတဲ့ကလေးတွေနောက်က ဒဏ်ရာနဲ့ကောင်လေးက Rich kid လေးကို ခေါင်းခါပြနေပြီး ဝင်မပါဖို့တားချင်နေပေမဲ့

"မင်းတို့ ဘယ်လောက်လိုချင်လဲ။"

"အလာကြီးပါလား။ မင်းမှာဘယ်လောက်ပါလဲ။ အကုန်ထားခဲ့။"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now