"Chain ဘာဖြစ်နေလဲ Lily?"
"ကိုကိုနဲ့ နည်းနည်းလေးပြဿနာတက်နေလို့ပါ။ ပြန်ဆက်သွယ်ပါလိမ့်မယ်"
"ဟား! ဘာမဟုတ်တဲ့လူက ချောက်ချတာကို ယုံလိုက်တာလား?"
"သိပြီးပြီလား?"
"ကြားမိတာလေ"
"ခဏပါပဲ၊ ခဏလောက်သည်းခံလိုက်ရင် အဆင်ပြေသွားမှာပါ"
"စိတ်ကုန်စရာပဲ။ နောက်မှဆက်ပြောကြတာပေါ့ Lily"
"ဟုတ်ကဲ့"
Hurricane ကတစ်မျိုး။ ကိုကို့ပုံစံကိုကြည့်ပြီး Chain က အရင်လိုပျာပျာသလဲရှင်းပြတာမျိုး မလုပ်ခဲ့ဘူး။ အခုအခြေအနေက စောင့်ကြည့်စရာကိစ္စကို စောင့်ကြည့်ဖို့ပဲအရေးကြီးတာပါ။
¤
"Chain, ထွက်ခဲ့တော့။ ကိုကိုခေါ်နေတယ်"
Lock အခန်းဘက်ကနေ Basement ဆီဆင်းလာတဲ့ Lily ကြောင့် Chain အံ့ဩနေမိတယ်။ ဒီထဲရှိနေတာမှ သုံးနာရီတောင်မပြည့်သေးတာကို။
"ဘာတွေဖြစ်နေတာလဲ မီးငယ်"
"သိရမှာပါ၊ အေးဆေးပေါ့"
Lock အခန်းဆီကိုတက်လာခဲ့ကြပြီး သုံးယောက်မျက်နှာချင်းဆိုင်ဆုံမိတော့
"နားထောင်ကြည့်"
အသံသဲ့သဲ့တွေကြားထဲက သေချာကြားလိုက်ရတာက လွှတ်ပေးလိုက်တဲ့လူရဲ့အသံ၊ Bermuda ဂိုဏ်းခွဲမှူးဆီသတင်းပို့နေခြင်းတွေ။ ပြီးတော့ သူ့ကိုခေါ်ထုတ်သွားကြပြီး မသင်္ကာစရာဘာပါမလဲ စစ်ဆေးနေကြပုံရတဲ့အသံတွေ။ ပြီးတော့ သူတို့ပြောစကားတွေအရ Chain ကိုချောက်ချဖို့ ကြံစည်ခဲ့တယ်ဆိုတာကို သိလိုက်ရတာတွေ။
သေချာစစ်ဆေးပြီးတာကို ဘာလို့များအသံဖမ်းစက်ကို သူတို့မတွေ့ရပါသလဲ?"တွေးလို့ရလား Chain?"
Lily မေးတာကိုသဘောပေါက်တဲ့ Chain က ခေါင်းခါပြတော့ Lily ကပဲရှင်းပြလာတယ်။
"မလိုအပ်ဘဲနဲ့ အဲဒီလူကို ကိုကိုက အချိန်အကြာကြီးစစ်မေးနေခဲ့တာက အဖြေပဲလေ။ သူမေ့သွားတော့ သူ့အံသွားတစ်ချောင်းဖြုတ်ပစ်ပြီး အသံဖမ်းစက်ထည့်ပေးလိုက်တာ။ ထိုးခံထားရလို့ဖြစ်သွားတယ်ပဲ သူထင်မှာပါပဲ"
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...