1. Chain

10.4K 330 8
                                    

"Baby, Baby ရေ။"

ဝုန်းခနဲ တံခါးဖွင့်သံနဲ့အတူ အခန်းထဲဝင်လာသူ။ ခုတင်ပေါ်မှာအိပ်ပျော်နေတဲ့ သူ့ Baby ကတော့ တစ်ချက်တောင်မလှုပ်။
ခုတင်ဘေးကို ချက်ချင်းရောက်လာကာ ခုတင်ပေါ် တင်ပါးလွှဲထိုင်လိုက်ပြီး

"Baby, နေမကောင်း ... အား ..."

သူထိုင်ပြီး ပခုံးကိုထိလိုက်ချိန် Baby က ဆတ်ခနဲထထိုင်ပြီး လက်တစ်ဖက်မြောက်တက်သွားတာမို့ သူ့လက်နဲ့ကာလိုက်တော့ Baby လက်ထဲကခက်ရင်းက သူ့လက်ဖဝါးကို ဖောက်ဝင်သွားတယ်။
စိုက်ဝင်နေတဲ့ခက်ရင်းကို ပြန်ဆွဲထုတ်ဖို့ကြိုးစားနေတာမို့

"Baby ကို ထိမယ်လေ။ ကိုယ့်ကိုပေး။"

သူလုယူကာ ဆွဲထုတ်၍ အခန်းဝသို့ပစ်ထုတ်လိုက်ပြီး

"ဘာတွေဖြစ်ပြန်ပြီလဲကွာ။"

"Tsk! မင်း ... မင်း ဘာလို့ အဲဒီလောက်လျင်တာလဲ။"

"ဟား ဟား ... ကိုယ့်ကိုချီးကျူးတာလား။"

လက်ကဒဏ်ရာကိုမှအားမနာ အော်ရယ်နေတဲ့သူ့ကို မှုန်ကုပ်ပြီးကြည့်နေတဲ့ Baby က ဘယ်လိုနေနေ ကြည့်ကောင်းနေတဲ့ Angle တစ်ပါး။

"Sh*t! ချီးကျူးစရာလား။"

"နောက်ဆို Baby ကို ထမင်းကျွေးပြီးရင် အကုန်သိမ်းသွားမှပါကွာ။"

"ငါကတော့ ရအောင်ရှာယူရမှာပဲ။"

"ဟား ဟား ... ဟုတ်ပါပြီ။ ဒါနဲ့ Baby, Happy birthday!"

ပြောလည်းပြော အကောင်းအတိုင်းကျန်တဲ့လက်တစ်ဖက်နဲ့ သူ့ကုတ်အင်္ကျီထဲက ဘူးအသေးလေးတစ်ခုထုတ်ယူကာ

"ဖွင့်ကြည့် Baby."

သူကသာပြောတာ ဟိုက အဖက်မလုပ်။ သူကိုယ်တိုင်ဖွင့်လိုက်ပြီး Baby လက်ကိုကိုင်လိုက်တော့

"ဖယ်စမ်း။ သွေးတွေ ငါ့ကိုပေမယ်။"

"အာ ... ဟုတ်ပါပြီ။ ဒါလေးတော့ ဝတ်လိုက်ပါနော်။"

Baby က တစ်ချက်လှမ်းကြည့်ပြီး

"ငါက သော့ဆောင်ထားရအောင် ဝက်ရူးပြန်နေတာမှမဟုတ်တာ။"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now