Replace?

678 71 27
                                    

"Kyle, ငါ အပြင်ထွက်ချင်တယ်၊ အစ်ကိုလေးကို ပြောပေး"

အိမ်ကိုရောက်နေတဲ့ Hurricane နဲ့ ခြံထဲမှာစကားပြောရင်း Chain ပြဿနာထပ်ရှာပြန်တယ်။

"ဘယ်ကိုလဲ? ဘယ်သူနဲ့သွားမှာလဲ?"

"မင်းနဲ့လေ"

"ငါက ခေါ်သွားပေးမယ်လို့ ပြောမိလို့လား?"

"မင်းကပါ ငါ့ကို အပြင်ပေးမထွက်ဘူးပေါ့?"

"ဘယ်လိုဖြစ်လို့ အပြင်ထွက်ချင်နေတာလဲ? အဲဒီကိစ္စနဲ့ ပြဿနာတက်ပြီးပြီဆို?"

"အဲဒီကိစ္စမဟုတ်ပါဘူး။ အိမ်ထဲမှာပျင်းတယ်လေ။ မင်းက နေ့တိုင်းလာလို့လား?"

"ငါနေ့တိုင်းလာနေရင် ငါ့အလုပ်တွေကို ဘယ်သူလုပ်ပေးမှာလဲ?"

"အဲဒါဆို ငါ မင်းဆီလိုက်နေမယ်လေ"

Chain ရေ၊ ငါ့ကိုသေအောင်သတ်ပါကွာ။ Lock လက်ချက်နဲ့သေရမလား? မင်းစကားနဲ့ ရင်ခုန်လွန်ပြီး သေရမလား?

"No"

မင်းကတော့ ရိုးရိုးလေးတွေးပြီးပြောတာပဲ၊ ငါ့မှာတော့ No ဆိုတာအပြင် ပြန်မပြောနိုင်သေးဘူး။

"ဟာ၊ မင်းက ငါ့ကိုမခင်ဘူးပေါ့"

ချစ်တယ် Chain.

"အိမ်လိုက်နေတာနဲ့ ဆိုင်လို့လား?"

Chain က မျက်မှောင်ကျုံ့ကာ မကျေမနပ်ကြည့်နေတော့

"ဟား ဟား ဟား ... အဲဒါ ဘာရုပ်လဲ? ကြောက်စရာကြီးကွာ"

"ငါက ကြောက်စရာလား? မင်းကမှ ကြောက်ဖို့ကောင်းတာ။ ငါကတော့ အချစ်ဆုံးသူငယ်ချင်းဆိုပြီး ချစ်လိုက်ရတာ၊ မင်းက အိမ်တောင်ခေါ်မသွားဘူးတဲ့"

အင်း၊ အစိမ်းသေဆိုပြီး မကျွတ်မလွတ်ဖြစ်တော့မယ် ထင်ပါရဲ့။ ရင်ကွဲနာကျတာလည်း သေတတ်တယ်။ ငါလည်း တစ်ခါလောက် ပြဿနာရှာလို့ရမလား Chain?

"မင်းကိုကိုက လွှတ်မှာလား? လွှတ်ရင် တစ်သက်လုံးနေလို့ရတယ်"

"မင်း ပြောပြီးပြီနော်၊ ပြန်မပြင်ရဘူးနော်"

"အင်း"

ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့် / ကျည်တစ်တောင့်အဖြစ် ပြန်လည်ရှင်သန်ခွင့်Where stories live. Discover now