"Baby ရေ ... Baby လို့"
မူးရင် အဲဒီလိုသောင်းကျန်းတတ်တယ်လို့ ငါလည်းမသိရပါလား Chain.
"Dexter Adler!"
Lock အော်လိုက်တော့ အရက်ခွက်ကိုင်ရင်း Chain တစ်ချက်ငြိမ်သွားပြီးမှ
"အဟား ... ငါဘာတွေကြားနေတာလဲ?"
Chain က သူ့ဘာသာမယုံနိုင်သလို ခပ်တိုးတိုးရေရွတ်လိုက်တာကြောင့် Fox ပြုံးလိုက်တာကို Lockမြင်လိုက်ပါတယ်။ Chain အနားကိုသွားလိုက်ပြီး
"သေချင်ရင်လည်း လွတ်လွတ်လပ်လပ်သွားသေလေ။ အခုက ဘယ်လိုပုံစံဖြစ်နေတာလဲ?"
"ဟင်? Baby? တကယ်ကြီး လိုက်လာတာ ..."
"Tsk! ဘယ်လိုလုပ်နေတာလဲ? ဟိုဘက်လက်က ဖြတ်ပစ်တော့မလို့လား? အခုချက်ချင်း ကျည်ထုတ်ဖို့လုပ်စမ်း။ လူလည်း လူရုပ်မပေါ်တော့ဘူး၊ စုတ်ပြတ်နေတာပဲ"
Oleander နဲ့ ဘယ်လောက်သတ်လာတယ်မသိ။ အဝတ်အစားဖရိုဖရဲ၊ သွေးတွေက ဟိုတစ်ကွက်၊ ဒီတစ်ကွက်နဲ့ လူကလည်းညစ်ပတ်နံစော်လို့။
နဖူးမှာပလာစတာနဲ့ Fox က ခုံပေါ်မှာခေါင်းမှောက်မလိုဖြစ်နေတဲ့ Chain ကိုလာတွဲဖို့လုပ်နေလို့"ရတယ် Fox. Simon တို့တွဲလိမ့်မယ်။ သူ့ကို ဘယ်အခန်းထဲခေါ်ရမလဲ?"
"ဒီဘက်ကို Lock"
Austin နဲ့ Simon တွဲခေါ်ဖို့လုပ်တာကို Chain က
"ဘာလဲ?"
"ကျည်ဆန်ဖယ်ထုတ်ရမယ်လေ Chain ရဲ့"
"ထားလိုက်ကွာ"
Simon ပြောတာကို ဂျစ်ကန်နေတဲ့ Chain ကြောင့် Lock စိတ်မရှည်တော့ပါ။
"Chain, မင်း ငြိမ်ငြိမ်နေလို့မရဘူးလား? ညဘက်ကြီးထလိုက်လာရတာ ငါသိပ်ပျော်နေတယ်လို့ ထင်နေတာလား?"
"Baby ဘာသိလို့လဲ? အခုက Bermuda က ကိုယ့်ကိုမကျေနပ်တိုင်း ပြဿနာပတ်ရှာနေတာ။ နေပါဦး ... ဘယ်သူခေါ်တာလဲ? ဘာလို့လိုက်လာတာလဲ?"
"ဟေ့ကောင်၊ ပါးစပ်ပိတ်ထား။ ဆေးရုံကလူက ပြန်စိတ်ပူရအောင်လုပ်မနေနဲ့။ ငါ စကားများများမပြောချင်ဘူး။ ငြိမ်ငြိမ်လိုက်ခဲ့"
YOU ARE READING
Action*No Uke* in this story. And this is *not* the type of System, Rebirth, Translation, or something like that. . Complete 72 parts ~~~~~~~~~~~~~~ "ကိုယ့်ကို တစ်သက်လုံး ချုပ်နှောင်ထားပေးပါ Baby." "မင်းပျော်အောင် ငါကခေါင်းညိတ်ရမှာလား။ လုံးဝပဲ၊ မင်းမပျော်...