Unicode
ကလေးယူဖို့ကိစ္စကိုဆွေးနွေးခဲ့တုန်းက Dr.Tun Lwinဟူသော ဆရာဝန်နှင့်ဆွေးနွေးခဲ့ပြီး သူ၏အဆက်အသွယ်ဖြင့်ပင် Dr.Daniel နှင့်ဆုံဖြစ်ခဲ့သည်။ နိုင်ငံခြားမှာပင် သားအိမ်ထည့်သည့်ကိစ္စနှင့်တစ်ခြားမိန်းမမျိုးဥအလှူခံခြင်း၊မျိုးဥနှင့်သုတ်ပိုးများစပ်ခြင်းကိစ္စတွေအကုန် Dr.Danielအကူအညီဖြင့်ပြီးသတ်ခဲ့လေ၏။အခု မွေးတော့က Dr.Tun Lwinရှိရာ မြန်မာပြည်က ပုဂ္ဂလိကဆေးရုံကောင်းတစ်ခုတွင်သာဖြစ်၏။
"Congratulation သား"
မဟာ၏ဂုဏ်ပြုစကားတွင် မဟော်ပြုံးလျက်။
သားတစ်ယောက် သမီးတစ်ယောက် ဘယ်လောက်အဆင်ပြေလိုက်သလဲ ။
ကလေးတွေရောထည်လင်းပါ
ကျန်းမာရေးကောင်းသလို ကလေးတွေကကိုယ်လက်အင်္ဂါလည်းစုံသဖြင့် မဟော်ဝမ်းသာမဆုံး။
သမီးလေးကအကြီး သားလေးကအငယ်။
မဟော့်ရဲ့ကမ္ဘာတစ်ခြမ်း။နောက်တစ်ခြမ်းကတော့ ထည်လင်းပေါ့။မဟော် သူ့ကလေးတွေကိုတစ်လှည့်ကြည့်လိုက်
ထည်လင်းကိုတစ်လှည့်ကြည့်လိုက်နှင့်။"ဘာလိုလိုနဲ့ငါ့ကောင်ကြီးတောင် ကလေးအဖေဖြစ်ပြီပဲ"
ဇွဲကို၏စကားသံပင်ဖြစ်သည်။
အနှင်းက ပုခက်အတွင်းရှိကလေးတွေကိုကြည့်ကာ ချစ်မဝနိုင်ပါပေ။ဘာလိုလိုနှင့်သူတောင် တီလေး အခေါ်ခံရတော့မည်ကို။နီတာရဲလေးနှစ်ကောင်၏ဖောင်းကစ်သော ပါးရဲရဲလေးတွေလေ။ဆွဲညှစ်ပစ်ချင်စရာလေးတွေ ။အခုတော့ ငြိမ်ကျနေသေး၏။ဘယ်အချိန် အူဝဲဆိုပြီးထငိုကြဦးမလဲမသိ။
"ဟဲ့ သိလား ငါ့တူလေးတွေတူမလေးတွေက ငါ့အစ်ကိုနဲ့တူလို့သာပေါ့ နင်နဲ့တူရင်ကြွက်စုတ်ရုပ်လေးတွေထွက်လာမှာ ။"
အနှင်းကလှမ်း၍စနောက်သောစကားကြောင့် မဟော်ပြုံးလိုက်၏။
"အေးပါဟာ ငါကလည်း ဦးနဲ့ပဲတူစေချင်တာပါ ။ငါနဲ့တူရင် ခပ်ဆိုးဆိုးလေးတွေဖြစ်မှာကြောက်တယ်ဟ"
မဟော့်စကားကို အားလုံးကပြုံးလိုက်ကြ၏။ကိုယ့်ကိုယ်ကိုတော့ သိသား။
ရှိုင်းနှင့်လွန်ကလည်း အလယ်တွင်ပုခက်ထားပြီး အနှင်းနှင့်မျက်နှာချင်းဆိုင်ေန၍ ကလေးတွေကို အူယားနေလေသည်။ပြီးတော့ ရှိုင်းကသူ့ကိုယ်သူသုံးတာ ဘာတဲ့ ဖိုးငယ်ဆိုလား။
YOU ARE READING
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....