Part(5)

4.8K 355 8
                                    

Unicode

"မဟော် ထပ်မှာပေး"

သူ့အသံစများသည် ရောထွေးကာ ဆွဲငင်နေလေ၏။အတော်လေးလည်း မူးနေပေပြီ။နီမြန်းနေသော ပါးလေးနှစ်ဖက်အား မဟော် အသဲယားနေမိ၏။

တုံ့ပြန်မှုမရှိသောကျောက်ရုပ်ကြီးလိုငြိမ်သက်ကာ
မိမိအားစိုက်ကြည့်နေပါသော မဟော်ငယ်။

ထည်လင်း မဟော့်ခေါင်းကိုခေါက်ကာ

"ဟေ့ကောင် ထပ်မှာပေးလို့"

"ဦးကလည်း များနေပြီလေ တော်တော့လေနော်။"

မဟော့်မှာ တောင်းပန်တိုးလျှိုးသလိုလေသံမျိုးဖြင့်
ပြောပါသော်လည်း ထည်လင်းကခပ်ထွေထွေမျက်လုံးများဖြင့်ကြည့်ကာ

"ဘာလဲ မင်းက ငါ့ကိုမသဒ္ဒါတာလား ဟမ် ဟေ့ကောင် ပြောလို့"

"မဟုတ်ပါဘူး ဘယ့်နှယ့်ပြောလိုက်ပါလိမ့်ဦးကလည်း ကျွန်တော်ကဘာလို့မသဒ္ဒါရမှာလဲ ဦးကို။"

မဟော်သည် သူ့အားတစ်မျိုးတွေးနေလေသောထည်လင်းကိုပျာပျာသလဲပင်ပြောလိုက်ပါ၏။

"မဟုတ်ပါဘူး ငါသိတယ် မင်း မင်းက ငါ့ကိုသာမသဒ္ဒါတာ  တစ်ခြားမိန်းမတွေကြသဒ္ဒါနေတယ်မဟုတ်လား"

အမှုကပိုပိုပြီးကြီးလာနေပါပြီ။မဟော်သည် မူးနေသောထည်လင်းကိုထိန်းရန် ရင်ခွင်ထဲထည့်မည်ပြုပြီးလက်လှမ်းလိုက်တော့ သူကမဟော့်လက်များကိုပုတ်ထုတ်ကာ

"မထိနဲ့ မင်း ငါ့ကိုမထိနဲ့ သွား မင်းမယားငယ်နဲ့ပဲသွားနေ သွား"

ခက်ပါဘိသနဲ့။မရှိသောမယားငယ်ဆီပင် အတင်းပို့နေလေသော မဟော့်ကလေးငယ်။

"ဟာ ဦးကလည်း ကျွန်တော့်မှာဘယ်မယားငယ်မှမရှိပါဘူး ဦးရဲ့။ကျွန်တော့်မှာ ဦးတစ်ယောက်ပဲရှိတာ ဦးအသိပါ။"

"ဟင်း မင်းကငါမသိခင်ထားရင်ထားနေမှာပေါ့"

ရှင်းပြလေ ရစ်လေလုပ်နေလေသော မိမိ၏ကလေးငယ်လေး။အရက်မူးနေ၍ ရစ်နေသ‌ည်လေ။မဟော် ထိုကလေးအမူးသမားလေးအားကြည့်ကာ ပြုံးရင်းချစ်မဝနိုင်ပင်ဖြစ်နေမိ၏။

မဟော် မိမိ၏ကလေးငယ်အားရင်ခွင်ထဲထည့်ရန်တစ်ဖန်လက်လှမ်းလိုက်လေတော့ ထည်လင်းသည် သူ့လက်အားဖမ်းဆွဲယူကာ ကိုက်လိုက်၏။

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now