Unicode
ညသည် သန်းခေါင်ယံသို့ရောက်ရှိနေပြီဖြစ်၏။ရှေးဆန်လွန်းသော ဤအိမ်ကြီးသည် တိတ်ဆိတ်၍နေတော့သည်။
ဖောင်းဖောင်း လုံးလုံး၏ပါးပြင်လေးကို ခပ်ဖွဖွပုတ်ကာ
"လုံးလုံးရေ ပူတူးရေ"
လေသံတိုးတိုးလေးဖြင့် ခေါ်ကာနှိုးလိုက်သော်ငြား နားပါးလွန်းသည့်ကောင်လေးကတော့ တိုင်ပင်ထားသည့်အချိန်ကျပြီမှန်းသိ၍နိုးလာလေသည်။
"တိုတို မုန့်မုန့်တွေရောထည့်ပြီးသွားပြီရား"
ခပ်တိုးတိုးလေသံလေးဖြင့်ပြန်မေးလာလေသည့် ကလေးငယ်။ဖောင်းဖောင်း အသည်းယားမိပါ၏။
"ထည့်ပြီးသွားပြီ"
"ဟုတ်တဲ့ တိုတို"
ဖောင်းဖောင်း လုံးလုံး၏ကြောင်နှင့်ကြွက်ကားထဲက ဘဲပေါက်လေးလို အသံကြောင့်ပြုံးလိုက်မိသည်။
"ခဏနေဦး ငါအပြင်ဘက်တစ်ချက်ရှိုးလိုက်ဦးမယ်"
"ဟုတ်တဲ့"
ဖောင်းဖောင်း တံခါးကိုဖြည်းညင်းစွာဖွင့်ဟကာ သူ့အဖေရှိရာအခန်းသို့တစ်ချက်ရှိုးကြည့်ကြည့်လိုက်သည်။ထူးခြားသည့်အရိပ်အယောင်ဘာတစ်ခုမှမတွေ့။
ဒါဆို အိပ်လောက်ပြီပေါ့.....
"သား"
သူ အိပ်ခန်းကိုရှိုးကြည့်နေစဉ် သူ့ကျောကိုပုတ်ကာ နောက်မှခေါ်လိုက်သည့် အဖေဖြစ်သူ၏အသံကြောင့် ဖောင်းဖောင်းဆတ်ခနဲတွန့်သွားမိ၏။သူ့အဖေက သူ့အကြံကိုကြိုသိဟန် အခန်းဝမှာစောင့်နေသည်ကိုး။
"အာ ဖေဖေ။မအိပ်သေးဘူးလား"
အချိုသာဆုံးမျက်နှာထားဖြင့် မေးလိုက်ပေမယ့် ထည်လင်းကတော့ ခပ်ကျဲကျဲသာရယ်ပြလိုက်ပြီး
"သားက အဖေမွေးလို့လူဖြစ်လာတာပါကွာ........အိပ်တော့"
ဖောင်းဖောင်း မကျေနပ်စွာဖြင့်ပင် အခန်းအတွင်းသို့ပြန်ဝင်လာခဲ့၏။
"တိုတို တွားလို့ရပြီရား"
"ဖေဖေရှိတယ်ကွ။နေဦး......"
YOU ARE READING
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....