Part(48)

1.7K 138 14
                                    

Unicode

လွန် ခရီးဆောင်အိတ်ကိုကားထဲမှ ဆွဲကာ အတော်အတန်ကျယ်ဝန်းလှသည့်ခြံဝန်းကျယ်ကြီးထဲရှိ  ခဲရောင်ဆေးသုတ်ထားသော နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးဆီသို့ဝင်ခဲ့တော့သည်။

"အမေ"

"သား သားလေး"

အိမ်ထဲမှ သုတ်သုတ်ပျာပျာဖြင့် ပြေးထွက်လာသောအမျိုးသမီးကြီးတစ်ဦးက လွန့်ကို ပြေးဖက်လာလေသည်။

"အမေ့သားလေး  အမေဒီတစ်သက်မတွေ့ရတော့ဘူးလို့တောင်ထင်တာ သားရယ် နေနိုင်လိုက်တာ"

သူ့ကိုလွမ်းရိပ်တို့ဖြင့်ကြည့်ကာပြောလာသောမိခင်ဖြစ်သူကြောင့် လွန်စိတ်မကောင်းမိပါပေ။ဖခင်ဖြစ်သူနှင့်အဆင်မပြေ၍ထွက်လာခဲ့ရာမှ မိခင်ဖြစ်သူကိုပါအဆက်အသွယ်မလုပ်ခဲ့မိသောမိမိကိုယ်ကိုလည်း စိတ်တိုမိသည်။သို့ပေမယ့် အခုအချိန်ကအလွမ်းသယ်ရမည့်အချိန်မဟုတ်၍ လွန် အရေးကြီးရာကိုသာမေးလိုက်တော့သည်။

"အမေ အဖေရော အခြေအနေဘယ်လိုရှိလဲ"

"သား အဖေ...."

"အင်း မင်းရောက်လာသေးတာပဲကို ငါက ငါသေမှပဲပြန်လာ‌တော့မယ်တောင်ထင်တာ"

အိမ်ထဲမှထွက်လာသော အညိုရောင်ဆံပင်ကိုနောက်လှန်သပ်ဖြီးထားသည့် မျက်စံညိုတို့နှင့်  သပ်ရပ်ခံ့ညားသည့်လူတစ်ဦး။အသားက ဖြူကြမ်းကြမ်းလိုမျိုးဆိုပေမယ့် နိုင်ငံခြားမင်းသားကြီးတစ်ယောက်လိုကြည့်ကောင်းလှ၏။

လွန် အကောင်းပကတိလိုပင်ဖြစ်နေသည့် ဖခင်ဖြစ်သူကို ကြည့်ကာ အံ့အားသင့်မိပါ၏။

သူ့အဖေက ဘာမှမဖြစ်တဲ့အပြင် ပုဆိုးအကွက်စိပ်စိပ်ကို နံ့သာရောင်လည်ကတုံးဖြင့်ပင် စတိုင်လ်ကျနေကာခံ့ညားလျက်ရှိ‌သေးသည်။

"အဖေ....."

"အေး မင်းအံ့ဩနေတာသိတယ် ငါကလည်း မခေါ်ဘူးလို့လုပ်ထားတာပဲ မင်းပြန်လာခဲ့ရင်တောင်အိမ်ရိပ်နင်းမခံဘူးလို့တေးထားတာ ဒါပေမယ့်မင်းက အနှစ်နှစ်ဆယ်လောက်ကြာခဲ့တာတောင်ပြန်မလာဘူးဆိုတော့လည်း ငါကသားသမီးဆိုတော့ ငါပဲလျှော့လိုက်တော့တယ်"

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now