Extra....

3K 168 19
                                    

Unicode

"ဖယ်စမ်း ငါဆင်းမယ်။ဖယ် ငါ့အဝတ်တွေ"

"ဦး မလုပ်ပါနဲ့ဦးရာ။ကျွန်တော်က အိမ်အလုပ်၊ရုံးအလုပ်နဲ့တောင် ဒီလောက်ရှုပ်ယှက်ခတ်နေတဲ့ကောင်ဟာ။ဘယ်လိုလုပ်ပြီး ဦးနောက်ကွယ်မှာ နောက်တစ်ယောက်ထားဖို့ဆိုတာဖြစ်နိုင်မှာလဲ။ဒီတစ်ယောက်တောင် လက်မြှောက် .....

ထည်လင်း မဟော့်ကိုစိမ်းညှို့သောမျက်လုံးတို့ဖြင့် ဝါးမြိုမတတ်ကြည့်နေလေသော
ကြောင့် မဟော် လည်ချောင်းတွေပြန်ရှင်းလိုက်ကာ

...အဟမ်း အဲ ဟို ချစ်ရတာမဝနိုင်သေးတဲ့ဟာ နောက်တစ်ယောက်ကို ထပ်ချစ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး ဦးရာ"

"ဘာမဖြစ်နိုင်ရမှာလဲ။မင်းငါ့ကို စိတ်ကုန်နေတယ်ဆိုတာငါသိတယ်။ခုလည်းကြည့် မင်းအတွင်းရေးမှူးလေးက မင်းသားလုပ်မှာမို့လို့ ဒီလောက်ချောနေရတာလားပြော။မင်းက မင်းသားလုပ်ခိုင်းဖို့ သူ့ကိုအလုပ်ခန့်တာလားပြော။မင်းအတွင်းရေးမှူးလုပ်ဖို့မဟုတ်လား မင်းအတွင်းရေးမှူးလုပ်ဖို့ ဒီလောက်ချောစရာလိုလို့လား"

မဟော် ယင်ကောင်ဝင်ဥနိုင်တဲ့အထိ ပါးစပ်ကိုဟထားပြီး ဘာပြောရမှန်းမသိဖြစ်နေသည်မှာဘယ်လောက်ကြာသွားပြီလဲမသိ။

"ဦးရာ သူ့ရုပ်ရည်သူ့ဘာသာချောတာကတော့ ဟေ့ကောင်မင်းရုပ်မချောစမ်းနဲ့လို့ ကျွန်တော်ကသွားပြောလို့ရမလား"

ထည်လင်း ရှိသမျှ မဟော်ပိုင်ဆိုင်သည့်မြေဂရမ်စာချုပ်တွေ၊တိုက်ခန်းစာချုပ်တွေ‌ကို ခရီးဆောင်အိတ်ထဲထည့်ကာ

"မင်း ခွကျကျမပြောစမ်းနဲ့ဟေ့ကောင်။ငါဆိုလိုတာ ဒါမဟုတ်မှန်းမင်းသိတယ်။သူ့ဘာသာရုပ်ချောတာကို မင်းမတားနိုင်ပေမယ့် ရုပ်ချောတဲ့လူတွေကိုတော့ မခန့်လို့ရတယ်မဟုတ်လား။အခုက အခုက မင်းသက်သက် နှာဘူးကျပြီး ချောတဲ့ကောင်လေးခန့်ထားတာ ငါမသိဘူးများအောက်မေ့နေလား။

အေးပါ မင်းမမှားပါဘူး။ငါက အိုနေတာကို။ဒီတော့ မင်းက ......"

"အာ ဦးရာ။အဲ့လိုမပြောပါနဲ့ဗျာ။ကျွန်တော့်ဦးက ဘယ်လိုလုပ်ပြီး အိုနေရမှာလဲ။ဒီလောက်ကလေးလေးနဲ့တူတာကို"

ချစ်သော...ဦး S(2)[Mother is Father]Wo Geschichten leben. Entdecke jetzt