Unicode
Part(12)
ကြွေလွင့်ခဲ့သော နေ့ရက်တွေက သူမရှိတဲ့အတွက်ကြောင့်မှေးမှိန်လို့ အသစ်နိုးထလာသောနေ့ရက်များသည်ကတော့ သူ့နှလုံးသားနှင့်အရောင်တင်ရင်းသစ်လွင်စေရမည်။မဟော့်စိတ်အတွင်းမှဆုံးဖြတ်ထားလေ၏။သို့ပေမယ့် မဟော်သာပြန်လာခဲ့လျှင် သူစိတ်ဆိုးနေမည်ကအသေအချာပင်မဟုတ်ပါလား။
စိတ်ဆိုးလည်း ခဏပေါ့။မည်သို့ပင်ဖြစ်စေ မိမိရဲ့မနေနိုင်မထိုင်နိုင်ရောဂါအား ကုစားဖို့ရာ ဒီတစ်နည်းပင်ရှိတော့သည်လေ။မဟော်တစ်ယောက် သူ့ဆီသို့ထွက်လာခဲ့ရတော့၏။
"အာ မဟော် မင်း ဘယ် ဘယ်လို...."
မိမိကိုတွေ့သည်နှင့်အံ့ဩတကြီးပြောပါလေသောသူ။မဟော်သည် ဘာစကားမှမဆိုတော့ဘဲ သူ့ကိုယ်သေးသေးအား ရင်ခွင်ထဲကွယ်ပျောက်သွားသည်အထိတင်းတင်းဖက်လိုက်၏။
"မင်း ဘယ်လိုရောက်လာလဲ ပြန်ကွာ ပြန်တော့"
အိမ်ထဲဝင်၍ပင်မထိုင်ရသေးပဲ အတင်းပြန်ခိုင်းနေပါသောသူက မိမိကိုလွမ်းမှလွမ်းပါရဲ့လားဟု မဟော်မေးချင်မိသည်။သူ၏မျက်နှာသည်ကမေးစရာပင်မလိုအောင် လွမ်းရိပ်မသမ်းပါပေ။
"ဦး ဦးကိုကျွန်တော်လွမ်းလို့ပြန်လာတာပါ ဦးရယ်။မနှင်ပါနဲ့ ကျွန်တော့်ကို ။ကျွန်တော် ဦးအနားမှာပဲနေချင်လို့ပါ။"
ကြည်ပြာရောင်မျက်လုံးများက ခပ်စပ်စပ်ရယ်။
ထည်လင်း သူ့အားကြည့်ကာ သနားမိပါ၏။သို့သော်ငြား မဖြစ်ချေ။"မင်းပြန်ကွာ ပြန်လို့ငါပြောနေတယ်မဟုတ်လား"
ကျောက်ခဲလိုမာကျောနေသောအသံစသည် အတွင်းသားနုသောရင်ဘတ်ထဲကိုရိုက်ခတ်လျက်။မဟော် သူ့အားမလွတ်တမ်းပင်ဖက်ထားမိပါ၏။
"မင်းပြန်လို့မဟော် "
နှုတ်ကပြောလည်းပြော ရင်ဘတ်ကိုလည်း အတင်းတွန်းထုတ်ကာနှင်နေပါသောသည်းချာ။မဟော်မလွတ်တမ်းပင်ဖက်ထားမိပြန်သည်။ထိုအရာက ဘာနှင့်တူသလဲဆိုရင် သူငယ်တန်းစတက်မည့်ကလေးငယ်က သူ့အမေအားမလွတ်တမ်းဖက်တွယ်နေသလိုပါပင်။
ESTÁS LEYENDO
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....