Unicode
ခပ်ရိပ်ရိပ်ကလေးပြေးနေသော နေဝန်းနီ၏အရောင်စပ်တို့အကြား သားပျောက်ရှာပုံတော်ဖွင့်နေရသည်မှာ ထည်လင်းဖြစ်သည်။သူ့အစ်မတွေနှင့်ဆော့ဖို့လွှတ်ထားရာမှ သူတစ်ယောက်တည်းကွဲထွက်ပြီး ဘယ်ရောက်လို့ရောက်မှန်းမသိ။မဟော့်ကိုတစ်လမ်းလွှတ် သူတစ်လမ်းရှာနှင့်နေတောင်အတော်စောင်းနေပေပြီ။
သားလေး စိတ်တွေအရမ်းညစ်ပြီး လျှောက်များသွားသလား ။တစ်ယောက်တည်း အတွေးဂယက်တို့ချာချာလည်လျက်။
ထိုစဉ်
"ဖေဖေရေ ဟီး"
ငိုကြီးချက်မနှင့် တစ်ဖက်ကခြင်းတောင်းသေးသေးလေးကိုလက်မှာချိတ်လို့ နောက်တစ်ဖက်က ပုဏ္ဏားရိပ်ပန်းအဆုပ်လိုက်ကိုသေချာကိုင်ကာ တစ်ကိုယ်လုံးလည်းရွှံ့လူးနေလေပြီး ထည်လင်းဆီကို ဦးတည်ပြေးလာသောအကောင်ပေါက်လေး ။ နောက်က မဟော်က လမ်းပေါ်ကကောက်လာဟန်တူသော တုတ်နှင့်လိုက်လျက်။
"ဖေဖေရေ တားကိုကယ်ပါဦး ဟီး "
"သား သား ဘယ်တွေလျှောက်သွားနေတာလဲဟမ် သားလေး "
"တား ဈေးတွားဝယ်ရာ ဖေဖေ။"
ဖောင်းဖောင်း စကားကိုထည်လင်းသိပ်နားမလည်ပါ ။
ဘယ်တုန်းကမှလည်း ဈေးဝယ်မခိုင်းဖူးပါဘဲနဲ့ ဘယ်လိုဖြစ်လို့ ဆေးသွားဝယ်သနည်းမသိ။"ဟိုကောင် လာစမ်း လာ "
"ဖေဖေ ဟီး ဟီး"
ထိုကောင်လေးသည် ထည်လင်းရင်ခွင်ထဲအတင်းတိုးဝင်လာ၏။သူ့Daddyလက်က အလုံခြံုဆုံးသော နေရာမဟုတ်လား။
"မဟော်ရာ ကလေးကိုမလုပ်ပါနဲ့ကွာ ။ဘယ့်နှယ့် ကလေးကို ကိုယ့်သားသမီးမဟုတ်တဲ့အတိုင်းကျွဲလိုနွားလိုလိုက်ရိုက်နေတာ "
"ကျစ် ဦး သားလုပ်ပုံလည်းကြည့်ဦးလေဗျာ။ မိဘတွေစိတ်ပူနေမယ်ဆိုတာ ဒီကောင်နားမလည်ဘူးလား"
အကောင်ပေါက်လေးက သူ့Daddyကိုကြောက်လို့ ထည်လင်းရင်ခွင်ထဲတွင် ရှိုက်နေလျက်။
"ကလေးကို ဆုံးမတာ လူလိုဆုံးမမှပေါ့ အခုတော့ မင်းဟာကမဟုတ်သေးပါဘူး ။ငါမွေးထားတာ လူလေးတွေကွ နားလည်လား ။ခံစားတတ်တယ် ပြောရင် သိတတ်
တယ် နားလည်တတ်တယ် လူစကားလည်းနားလည်တယ်ကွ "
VOCÊ ESTÁ LENDO
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....