Unicode
ဖောင်းဖောင်း အိမ်ပြန်ရောက်လာခဲ့သည်။
ဖခင်ဖြစ်သူထည်လင်းက အိမ်ရှေ့ဧည့်ခန်းတွင် အိမ်သားများပြန်အလာကို TVကြည့်ရင်းစောင့်နေလေသည်။သူ့မှာက လုပ်စရာအလုပ်လည်းမရှိသည်ကို။ယခင်က အိမ်မှုကိစ္စအတိုအထွာလေးများကိုလုပ်ကိုင်ခွင့်ရသော်လည်း ယခုနောက်ပိုင်း မဟော်ကသူ့အိမ်ထောင်ဦးစီးအာဏာကိုသုံးပြီး ပိတ်ပင်တားမြစ်လိုက်သဖြင့် ဘာဆိုဘာမှလုပ်ကိုင်ခွင့်မရတော့။ဒီတော့ ထည်လင်း၏အလုပ်က အိပ်လိုက်၊စားလိုက်၊TVကြည့်လိုက်၊စာအုပ်ဖတ်လိုက်၊ဖုန်းကြည့်လိုက်ဖြင့်သာ သံသရာလည်နေ၏။"သားပြန်လာပြီလား"
"ဟုတ်ဖေဖေ"
ညနေက ဟိုအမျိုးသမီးကိစ္စကြောင့် စိတ်စနိုးစနောင့်ဖြစ်နေသော ဖောင်းဖောင်းက မရွှင်ပျလှ။ထည်လင်းသည် ဖောင်းဖောင်းမျက်နှာကိုကြည့်ရုံနှင့် တစ်ခုခုဖြစ်လာသည်မှန်းသိသော်လည်း ဘာဖြစ်လာလဲမမေးသေးဘဲ အခြေအနေကိုသာအကဲခတ်နေမိ၏။
ဖောင်းဖောင်းက ထည်လင်းဘေးနားဝင်ထိုင်ကာ
ထည်လင်းပေါင်ပေါ်ခေါင်းအုံးလိုက်၏။ထည်လင်းက အလိုက်သင့်ပင် သားငယ်၏ဆံစများကိုသပ်ကာချော့မြူနေ၏။"ဘာဖြစ်လို့လဲသား ဟင်။ ဘာအဆင်မပြေဖြစ်လာလို့လဲ"
"ဖေဖေ သားကိုမွေးဖို့ မမျိုးဥအလှူခံခဲ့ရတယ်ဆိုရင် အဲ့မျိုးဥလှူတဲ့အမျိုးသမီးကဘယ်သူလဲဟင်ဖေဖေ"
တစ်ခါမှမမေးစဖူး အမေးထူးလို့ ထိုအမျိုးသမီးအကြောင်းကိုမေးနေခဲ့သော သားငယ်က ဘာများဖြစ်လာလို့ပါလဲ။ထည်လင်းမတေွးတတ်တော့။
" ဖေဖေလည်းမသိဘူးသားရဲ့ ။အဲ့အမျိုးသမီးကို ဖေဖေတို့လည်းမမြင်ခဲ့လိုက်ရဘူး။အမည်မဖော်လိုတဲ့အလှူရှင်ဆိုပြီးပဲသိလိုက်တယ်သားရဲ့"
"....."
"ဒါနဲ့ဘာဖြစ်လို့လဲသား"
"ဘာမှမဟုတ်ပါဘူး ဖေဖေရဲ့ ။သားက ဒီအတိုင်းမေးကြည့်တာပါ"
နှုတ်ခမ်းစွန်းလေးနှစ်ဖက်ကော့တက်အောင်ပြုံးပြနေသောသားငယ်။
YOU ARE READING
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....