Part (27)

2.6K 198 13
                                    

Unicode

"အသွေးလေး"

တစ်ဦးတစ်ယောက်တည်းသာခေါ်သော နာမည်ကြောင့် သူလာပြီမှန်း ဖောင်းဖောင်းသိလိုက်ပါ၏။
ကောက်ကွေးသယောင်ရှိသော သူ့ဆံမျှင်ကြိုးတန်းလေးတွေကို မြတ်နိုးလွန်းလို့ ခဏ ခဏနမ်းရှိုက်ခဲ့ဖူးသည်။ယခုအခါလည်း ထိုဆံစတို့သည် ပြေပြေတိုက်သောလေအေးတွင် လွင့်ယိမ်းလို့ပါပင်။

"နောက်ကျရယ် လွန်လွင်။"

"ဒါတောင် အလုပ်ရှိသေးတာလေ အဲ့တာကို ဟောဒိကသားက စိတ်ဆိုးမှာစိုးလို့ လွန်လွင် အမြန်ပြန်လာခဲ့ရတဲ့ဟာ"

"ပြီးရော လွန်လွင်ရောက်ရာရင် ကျေနပ်ရယ်"

လွန့်လက်ကိုဆွဲလို့  မီးပုံဘေးဝိုင်းနေသော လူတွေကြား
တိုးဝင်ထိုင်လိုက်၏။

လွန် ထိုကောင်လေးကိုကြည့်တော့ သူ့မျက်လုံးတွေက လွန့်ဆီမှာမရှိပါ။အချိန်တိုင်း ဘယ်ကောင်မလေးကို ဘယ်လိုပိုးရမလဲလို့တွေးနေတဲ့ ထိုကလေးငယ်၏မျက်လုံးတွေက သေချာပေါက်  လွန့်တူမတွေဆီမှာပေါ့။သို့ပေမယ့် သူ့မျက်လုံးတွေ ဘယ်ဆီရောက်နေနေ သူ့လက်တွေကတော့ လွန့်လက်ကိုခိုင်မြဲစွာ ဆွဲဆုပ်ထားတတ်တာ လွန့်အပြင် ဘယ်သူသိမှာလဲ။အချိန်တစ်ခုအကြာမှာလည်း ဒီအရာတွေကြောင့်ပဲ နာကျင်မှုတွေနည်းစေခဲ့သည်လေ။

______________________________________

မနက်ခင်း၏ကျေးငှက်သာရကာတို့ သီကျူးသံတွေက
နေ့သစ်၏ အစပြုခြင်းကို သက်ဝင်စေလို့။နေ့တိုင်း ကျောင်းသွားဖို့ နှိုးတိုင်း စောင်ခေါင်းမြီးခြုံရင်း အိပ်ချင်ယောင်ဆောင်နေတတ်တဲ့ကောင်လေးဟာလည်း
ထုံးစံအတိုင်းပါပင်။ဖောင်းကစ်နေသော ပါးလေးနှစ်ဖက်ကို ခပ်ဖွဖွနမ်းတော့ သူ့မျက်ခွံလေးတွေဖြည်းဖြည်းဖွင့်ကာ ခိုးကြည့်လာသည်။ ဆည်းလည်းလေး အိမ်ရဲ့ဆည်း‌လည်းလေးဟာ ဘာအကြောင်းတွေကြောင့် ကျောင်းသွားဖို့ကို အမြဲငြင်းဆန်‌နေတတ်ခဲ့သနည်း။

" သားလေး သားငယ်လေး ကျောင်းသွားရအောင်လေ သားရဲ့ ထ ထ"

" တား ကျောင်းသွားချင်ဝူးဖေဖေ။တားလေ အိမ်မှာပဲနေချင်ရို့ နော် ဖေဖေ တားကို ကျောင်းပို့ပါနဲ့နော် "

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now