Unicode
ဖောင်းဖောင်းတစ်ယောက် caculatorတစ်လုံးဖြင့်အလုပ်ရှုပ်နေမိသည်။
"Daddyက နှစ်ရာ ၊ဖေဖေကနှစ်ရာ ပေါင်းလေးရာ
Daddy2တို့ဖေဖေ၂တို့ကတစ်ယောက်နှစ်ရာဆီလေးရာ ပေါင်းရှစ်ရာ တီတီလေး၊လေးလေးနဲ့၊လေးငယ်တို့က သုံးယောက်ပေါင်းခြောက်ရာ ခုနကရှစ်ရာနဲ့ပေါင်း
တစ်ထောင့်လေးရာ ။ကျစ် နည်းလိုက်တာ "ပါးစပ်ကတတွတ်တွတ်နှင့်တွက်ချက်နေသောကောင်လေးကိုကြည့်ပြီး လွန်တစ်ယောက် ထူးဆန်းစွာဖြင့်
"ဘာတွေတွက်နေတာတုန်း အသွေးလေးရဲ့။"
"ရိုးရိုးလက်ဖွဲ့ငွေတွက်နေတာ လွန်လွင် သိန်းထောင့်လေးရာပဲရသေးတယ် ။စပါယ်ရှယ်လက်ဖွဲ့ကတော့ Daddyဆီက တိုက်လှလှပါမယ့်ခြံတစ်ခြံရယ် ပြီးရင် ကားတစ်စီးရယ် တောင်းမယ်။ဖေဖေ့ဆီကတော့ ဟို Honeymoonထွက်ဖို့အတွက် ကနေဒါမှာ အိမ်တစ်လုံးလောက် ဝယ်ခိုင်းမယ် ပြီးရင် Daddy2ဆီကတော့ သူရဲ့ စီးပွားရေးတွေထဲက ကုမ္ပဏီတစ်ခုလောက်တောင်းမယ် ဖေဖေ၂ဆီကတော့ အင်း ဘာတောင်းရကောင်းမလဲ သိပြီ သူအခုလုပ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေထဲက ချောင်းသာက အခွဲလေးကို တောင်းမယ် တီတီလေးဆီကတော့ Coffee shopလေးတောင်းမယ် အဲ လေးလေး လေးလေးဆီကတော့ အကောင်းဆုံးခန်းဝင်ပစ္စည်းတွေကိုလက်ဖွဲ့အနေနဲ့တောင်းမယ် ဆိုတော့က လေးငယ်ဆီကတော့
သူ့ဘဏ်အကောင့်တစ်ခုလောက်တောင်းမယ် ဝါး ဘယ်လောက်မိုက်လဲ မင်္ဂလာဆောင်လိုက်တာနဲ့ လွန်လွင့်ကိုလည်းရ သူဌေးလည်းဖြစ် တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ မိုက်မှ မိုက်။"ထိုကောင်လေးက တကယ်ကို စီးပွားရေးသောင်းကျန်းနေလေ၏။ သူ့ဟာနှင့်သူတော့ တွက်တာဟုတ်လို့ ။မင်္ဂလာဆောင်မှ အဲ့လက်ဖွဲ့တွေမပေးရင် သင်းက အကုန်လုံးကို လည်ပင်းညှစ်ပြီးတောင်းမယ့်ရုပ်လေး။
တကယ်ကို ကလေးပါလေ ။"ခုလောလောဆယ်တော့ တွက်ရတာမောသွားပြီ ။အိပ်ချင်တယ် လွန်လွင်"
မနေ့ကစနေနေ့မို့ လိုက်လာခဲ့သည်။ယနေ့ကြတနင်္ဂနွေနေ့မို့ဟူသော အကြောင်းပြချက်နှင့် ။
ဆိုင်ရောက်ရင် တွက်မယ် ချက်မယ် ပြီးလျှင် စားမယ်သောက်မယ် အချိန်တန်လို့ နေ့လယ်ပိုင်းဗိုက်လေးရင် အိပ်မယ် ။ဒီကောင်လေး စိတ်ထဲမှာ ထိုအရာတွေသာသံသရာလည်နေလေ၏။
YOU ARE READING
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....