Part(10)

3.9K 280 19
                                    

တောင်းပန်ပါတယ်နော် Errorနည်းနည်းဖြစ်သွားတာပါ🙏🙏🙏🙏🙏🙏🙏 😓😓😓😓

Unicode

ရှိုင်းတစ်ယောက် အခန်းကျယ်ကြီးအတွင်းတွင်တစ်ယောက်တည်းဖြင့်။ပစ္စည်းပစ္စယများအစုံအလင်ရှိပြီးဖြစ်သော်လည်း လိုအပ်နေသည်က သူသာ။ရှိုင်းကုတင်ကျယ်ကျယ်ပေါ်ကျောခင်းလိုက်ကာ သက်ပြင်းရှည်တစ်ချက်ချရင်း မျက်နှာကျက်ကိုမော့ကြည့်မိသည်။

မည်သို့သောအကြောင်းအရာမျိုးကြောင့် သူက မိမိကိုဒီနေရာမှာသိမ်းဆည်းထားသနည်းမသိသော်လည်း အရေးကြီးသောကိစ္စတစ်ခုကြောင့်ဖြစ်မည်ဆိုတာကိုတော့ရှိုင်းသိနေပါသည်။မိမိ၏ချစ်ရသူကိုယုံကြည်ခြင်းအပြည့်ရှိပြီးစိတ်အ‌နှောင့်အယှက်မ‌ပေးချင်၍သာ ဘာမှမမေးမစမ်းဘဲနေနေသော်လည်း တကယ်စိုးရိမ်နေမိပါသည်။

ထိုအချိန် ဖုန်းRingtoneသံမြည်လာသည်။ရှိုင်းတစ်ယောက်ပက်လက်အနေအထားမှ ကုတင်ခေါင်းရင်းဆီသို့ကုန်းရုန်းထလာကာ ဖုန်းကိုယူကိုင်လိုက်၏။

"Hello"

"Hello သား"

တစ်ဖက်မှ အသံကို ရှိုင်းနည်းနည်းတောင်စိမ်းချင်နေပါပြီ။ရှိုင်းတစ်ယောက် တွန့်ချိုးစွာပြုံးလိုက်ကာ

"ဟုတ် ဦးနိုင် ဘာကိစ္စရှိလို့လဲ"

ရှိုင်း၏စကားကြောင့် တစ်ဖက်မှလူကအနည်းငယ်မျက်နှာပျက်သွားသည့်ပုံစံဖြစ်နေမှန်း မကြည့်ရင်တောင်ရှိုင်းသိနေပါသည်။

"သားကလည်းကွာ ဦးနိုင်ကိုစိမ်းလိုက်တာ"

"မဟုတ်လို့လား ဦးနိုင်ရဲ့။ဦးနိုင်က ကျွန်တော့်ကိုကိစ္စရှိမှဆက်သွယ်တတ်တဲ့လူမျိုးမဟုတ်လား။ကဲပြော အခု ဘာကိစ္စရှိလို့လဲဦးနိုင်"

တစ်ဖက်မှ ဦးနိုင်ဟူသောသူသည် လေသံကိုအချိုသာဆုံးအနေအထားပြောင်းလိုက်ကာ

"သားရဲ့ အန်တီလေးလေ အခုမြန်မာပြည်ကိုပြန်ရောက်နေပြီတဲ့သား အဲ့တာ သားကိုတွေ့ချင်လို့တဲ့"

အန်တီလေးဟူသောအသံကြောင့် ရှိုင်းမျက်လုံးများလင်းလက်သွားသည်။ရှိုင်းငယ် သူ့အန်တီလေးကိုခင်မင်သည်။တွယ်တာသည်။သူ့အန်တီလေးဆိုသူကလည်း ရှိုင်းကိုတအားချစ်သည်။သူသည် နေရာအတည်တကျမရှိ အနာဂတ်တွေမသေချာ၍သာ ရှိုင်းအားမမွေးစားခဲ့သော်လည်း ရှိုင်းအတွက်ဟူ၍ လစဉ်ထောက်ပံ့ကြေးများနှင့်ရှိုင်းလိုအပ်မည်ထင်သည့်အစစအရာရာကို ရှိုင်း၏ဦးလေးထံအမြဲတမ်းပို့ပေးခဲ့ပြီး ရှိုင်းအားပြုစုစောင့်ရှောက်စရိတ်ပါပေးခဲ့သည်။
သူမြန်မာပြည်ပြန်ရောက်သည့်အချိန်တွေမှာလည်း
ရှိုင်းနှင့်အတူနေလေ့ရှိပြီး ရှိုင်းပူဆာသမျှဝယ်ပေး၍
ရှိုင်းလုပ်ချင်တာမှန်သမျှဖြစ်စေခဲ့သည်။ထို့ကြောင့် ရှိုင်း အန်တီလေးအားချစ်သည်။အန်တီလေးက ရှိုင်းအခုထက်ထိအသက်ဆက်နေရခြင်း၏အဓိကထောက်တိုင်ပင်။

ချစ်သော...ဦး S(2)[Mother is Father]Donde viven las historias. Descúbrelo ahora