Unicode
"မင်းအဖေနဲ့ငါက မင်းတီလေးကျေးဇူးကြောင့်စဆုံခဲ့ကြတယ်ဆိုပါေတာ့ကွာ။"
ဖောင်းဖောင်းတစ်ယောက် ကြမ်းပြင်ပေါ်တွင်ထိုင်ပြီး ဆိုဖာေပါ်မေးတင်ကာ မဟော်ပြောပြသော အတိတ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်အားနားထောင်နေမိသည်။ဟော်နီလေးကလည်း အတူတူပင်။မောင်နှမနှစ်ယောက် မဟော့်ကို ဆိုဖာပေါ်တွင်ထုိင်ခိုင်းပြီး သူတို့နှစ်ယောက်က ဘေးတစ်ဖက်တစ်ချက်ကြမ်းပြင်မှာထိုင်ပြီးနားထောင်နေကြ၏။
"ငါ ဗီဒီယိုမှတ်တမ်းသာရှိရင် မင်းတို့ကိုပြလိုက်ချင်တယ်။ငါစတေွ့ခဲ့တဲ့မင်းတို့အဖေကလေ ဘယ်လောက်တောင်နူးညံ့သိမ်မွေ့ပြီး လူကြီးဆန်လိုက်သလဲဆိုတာ"
"အယ် အယ် Daddyက ဖေဖေ့ကိုအဲ့မှာစကြွေခဲ့တယ်ဆိုပါတော့။ "
ဖောင်းဖောင်းက ပြုံးတုံးတံုးဖြင့် မဟော့်ကိုအမေးထုတ်လိုက်၏။လှေကားခြေရင်းမှ လျစ်ခနဲအရိပ်တစ်ခုကိုမေဟာ်မြင်လိုက်ရသောကြောင့်လှေကားဘေးအခန်းနံရံကိုကြည့်လိုက်တော့ ခေါင်းလေးတစ်လုံးက ခိုးကြောင်ခိုးဝှက်ပြူကြည့်နေလေ၏။မဟော် ထိုသို့လူ့ခံစားချက်တွေကိုခိုးနားထောင်နေသောသူခိုးပူစီလေးအား မမြင်ချင်ယောင်ဆောင်လိုက်ကာ
"ဒါပေါ့ကွ ။ ဒါပေမယ့်လို့ အဲ့တုန်းကမင်းအဖေသာ ဒီလိုပုံစံမှန်းသိရင် ငါကြိုက်ခဲ့မိမှာမဟုတ်ဘူးထင်တယ်"
မဟော်က ကော်ဖီခွက်ကိုမော့လိုက်၏။
"ဟင် Daddyကလည်း ။ဘာလို့လဲ"
ဖောင်းဖောင်းက မဟော့့်စကားကို မျက်နှာကြီးမဲ့ပြီး ပြန်မေးလာလေသည်။
"ဘာဖြစ်ရမှာလဲ မင်းအဖေက ဒီလောက်ဆိုးတာကို။ကလေးသေးသေးလေးထက်တောင်ဆိုးသေး ဂျီကျသေး ပြီးတော့ ငါစတွေတွေ့ချင်းတုန်းက နူးနူးညံ့ညံ့သိမ်သိမ်မွေ့မွေ့လေး တကယ်ပြောတာပါဆို အဟုတ်
ငါကျရှုံးခဲ့တာ သူရဲ့ ညင်သာတဲ့အမူအရာလေးတွေကြားမှာ အခုများတော့ဖြင့် ကြမ်းတမ်းချက်က သူ့ကိုသူ
နပန်းသမားလိုလို လက်ဝှေ့သမားလိုလို ။တစ်ခုခုဆို ဟျောင့် ထိုးမလားနှက်မလားဆိုတာချည်းပဲ။အဲ့တာပေါ့
Onlineကမှာထားတဲ့ပံုစံကတစ်မျိုး အိမ်ေရာက်လာတဲ့ပစ္စည်းရဲ့ပံုစံကတစ်မျိုးဆိုတာ ဟားဟား"
ESTÁS LEYENDO
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....