Part(6)

4.4K 342 6
                                    

Unicode

"ဦး ကျွန်တော့်ကိုတာဝန်ယူရမယ် ဦး"

မဟာ မျက်လုံးများကိုပွတ်သပ်ကာ သေချာကြည့်မိ၏။

မိမိ၏အင်္ကျီအရှည်ကို ဝတ်ထားသောကောင်လေး ။
အောက်ပိုင်းကြည့်တော့ ဘာမှမပါပေ။အင်္ကျီမှာ ခါးရှည်လွန်းသောကြောင့်  အောက်ပိုင်းကိုဘာမှမဝတ်ထားခြင်းဖြစ်မည်။

သူ့ကြည့်တော့ စီးကရက်ကိုလက်နှစ်ချောင်းကြားညှပ်လျက် ။

ထူးဆန်းလှစွာ မိမိ၏အင်္ကျီကိုကောက်ဝတ်ထားသော ကောင်လေးကြောင့် မဟာ ကိုယ့်ကိုယ်ကိုလည်းပြန်ကြည့်လိုက်မိသည်။အပေါ်ပိုင်းကဗလာနှင့်
အောက်ပိုင်းကို စောင်ဖုံးထားရင်း။

မြင်တွေ့နေရသောမြင်ကွင်းများနှင့် မိမိကိုယ်ပေါ်မှmarkingရာများ လက်သည်းကုတ်ရာများ။
မဟာ ကြည့်ရင်းပင် ဘာမှနားမလည်နိုင်တော့။
ထိုအချိန် ဘေးနားမှကောင်ကလေးမှာ မဟာ့ရင်ခွင်ထဲတိုးဝင်လာကာ

"ကျွန်တော် ဦးကိုအရမ်းချစ်တာပဲ ဦးရာ"

မဟာ ဘာမှနားမလည်တော့ပါ။မိမိကိုယ်အားပွေ့ဖက်နေသောကောင်လေးကိုကြည့်ကာ မဟာ ညတုန်းကအကြောင်းအရာများကိုပြန်စဉ်းစားကြည့်မိသည်။

ဆိုင်မှ ပြန်လာပြီးအိမ်ရောက်တော့  ရှိုင်းက မိမိကိုအခန်းထဲတွဲပို့သည်။ဟုတ်သည်။မဟာ ထိုမျှလောက်ပဲမှတ်မိတော့သည်။ကျန်တာဘာမှမမှတ်မိတော့။

"ဦး ကျွန်တော့်ကိုလက်ထပ်ရမယ်နော် ။ဟင်း စားပြီးနားမလည်တော့မလုပ်နဲ့ လူကြီး"

မဟာ ဘာမှနားမလည်တော့ပါ။ရှိုင်း ဘာ့ကြောင့် ဒီလိုစကားမျိုးတွေပြောနေပါသနည်း။စားပြီးနားမလည် လုပ်ရအောင်မိမိကရော သူ့ဆီကဘာများစားခဲ့လို့ပါလဲ။

ရင်ခွင်ထဲ အတင်းတိုးဝှေ့နေလေသောရှိုင်းကိုယ်ကို
မဟာ ဖယ်ထုတ်ကာ။

"မင်း ဘယ်လိုလုပ် ဦးအဝတ်တွေယူဝတ်ထားတာလဲ"

ရှိုင်းက နှုတ်ခမ်းကိုခပ်ဆူဆူလုပ်ကာ ကုတင်ခြေရင်းဘက်တွင်ကျနေလေသော သူ့အင်္ကျီများကိုယူလာပြီး

ချစ်သော...ဦး S(2)[Mother is Father]Donde viven las historias. Descúbrelo ahora