Part(16)

3.8K 290 28
                                    

Unicode

ထည်လင်း  ပြန်အိပ်လောက်သည်နှင့် မဟော်အိပ်ရာမှထကာ နိစ္စဓူဝဖြစ်သောကိုယ်လက်သန့်စင်ခြင်းအမှု
ကိုပြု၊ထည်လင်းအတွက်အဝတ်အစားနှင့်‌ေရမိုးချိုးရန်အသင့်ပြင်‌ေပးထားခဲ့ပြီးသည်နှင့်  ထမင်းချိုင့်နှင့်Breakfastအတွက်ပြင်ဆင်ရတော့သည်။

ယခင်ကတော့ ဟိုဘက်အိမ်မှာက
အိမ်အကူတွေဘာတွေရှိတော့ ဒီလိုမျိုးတွေမဟော်လုပ်စရာသိပ်မလို။အခု ဒီအိမ်မှာကတော့ အလုပ်သမားမထားချင်ဟူသောသူ့စကားကြောင့် မဟော် အနည်းငယ်ပို၍ပင်ပန်းတော့မည်။

ဆန်ဆေးပြီး ထမင်းအိုးတည်ကာ ရေခဲသေတ္တာထဲမှ
ကြက်ရင်အုံသားကိုယူ ဆားဆနွင်းနယ်ပြီးပြုတ်ထားလိုက်သည်။ကျက်လောက်မှ အသားတွေနွှာ၍ ငရုတ်သီးခွဲခြမ်းနှင့်ထည့်ကျော်ရမည်။
ကန်စွန်းရွက်ကိုခြွေကာ ရေစင်စင်ဆေးပြီး
ကန်စွန်းရွက်ကြော်လေးလည်းပါရမည်။သူ့အတွက်အစာအုပ်စုသုံးစုမျှမျှတတဖြစ်ရမည်။

ကိုယ်တိုင်စားဖိုမှူးလုပ်ကာ  ချက်ပြုတ်ကြော်လှော်နေသော မဟော်ပါပေ။သူ့အတွက်ကတော့ သိပ်မလိုလှ ။အဆင်ပြေသည်။ဖြစ်တာနဲ့စားလည်းရသလို အဆင်မပြေလည်း အပြင်ထွက်ပြီး တစ်ခုခုဝယ်စားလည်းရသည်။ထည်လင်းအတွက်ကြ သိပ်အဆင်မပြေလှသည်မို့ သေချာစီစဥ်နေခြင်းဖြစ်သည်။

-----------------------------------------------------------

ထည်လင်း တစ်ခုခုလိုအပ်နေသည်ဟုခံစားမိသည်။
မျက်လုံးပိတ်လျက်နှင့်ပင်  တစ်ဖက်လူအားလက်အတွေ့မှစမ်းကြည့်တော့ သူမရှိပါ။

ထည်လင်း မျက်လုံးများချက်ချင်းဖွင့်လိုက်ပြီး  အခန်းထဲမှာသူ့အားဝေ့ဝဲရှာမိသည် ။မတွေ့။
ထို့ကြောင့် အောက်ထပ်ကိုအပြေးဆင်းလာကာ
မီးဖိုချောင်ထဲဝင်ကြည့်လေတော့မှ တကုပ်ကုပ်နှင့်အလုပ်ရှုပ်နေလေသော သူ့အားတွေ့တော့သည်။

"ဟာ ဦး ။ပြန်အိပ်လေ အစောကြီးရှိသေးတာကို"

"ဟင့်အင်း ငါ အိပ်မပျော်တော့ဘူး ။ မင်း အစောကြီးထပြီးဘာလုပ်နေတာလဲ"

မဟော်သည် ထည်လင်း၏စကားအကြားတွင်တော့
သူ့ဦးသည် မေ့တတ်ရန်ကောဟူသော အကြည့်ဖြင့်ကြည့်လိုက်ကာ

ချစ်သော...ဦး S(2)[Mother is Father]Donde viven las historias. Descúbrelo ahora