Unicode
မဟော် ပြန်အိပ်နေသောသားငယ်ကို စောင်ပြန်ခြုံပေးပြီး အခန်းအပြင်ထွက်ရန်အလှမ်း
"မဟော် ဘယ်တုန်းကွ "
ထည်လင်း၏အသံကြောင့် မဟော်နောက်ပြန်လှည့်ကြည့်ကာ
"ဪ ဟင်းအိုးလေဦးရဲ့ အဲ့တာသွားကြည့်မလို့ပါ"
"အင်း ငါပြောစရာရှိလို့ခဏ "
"ဟုတ် ဦး"
မဟော် ပြောပြောဆိုဆိုနှင့်ထည်လင်းထိုင်နေရာသို့လာကာ သူပါအတူဝင်ထိုင်လိုက်၏။
"အင်း ငါးစဥ်းစားနေတာ သားနဲ့သမီးကို မူကြိုပို့ဖို့ ဘယ့်နှယ့်လဲ"
မဟော် ထည်လင်းပြောတာကို ခေါင်းငြိမ့်လိုက်ပြီး
"ဟုတ် ဦး ။ကောင်းသားပဲ ကျွန်တော်ဒီနေ့ဝင်စုံစမ်းခဲ့မယ်လေ"
"အင်း ငါးနာရီထိုးတော့ အရောက်ပြန်ခဲ့နော်"
"ဟုတ် ဦး"
မဟော် ထည်လင်း၏စကားကိုနားထောင်ပြီးသည်နှင့်အောက်ထပ်သို့့ဆင်းကာ ဟင်းအိုးကြည့်ရ၏။မနက်စာအတွက်တော့ အားလုံးအရံသင့်ပါပင်။ဖောင်းဖောင်းလေးက ခြောက်နာရီထိုးကတည်းကနိုးနေသည်မို့ပြန်အိပ်ခိုင်းထားသော်လည်း ရှစ်နာရီထိုးလောက် ပြန်နှိုးရမည်ဖြစ်သည်။
မဟော် ဟင်းအိုးကို မွှေကာ အရသာမြည်းကြည့်လိုက်၏။မဆိုးလှ မိမိကိုယ်တိုင်ချက်ထားသည်မို့လို့လားတော့မသိ မိမိဘာသာတော့ အရသာတွေ့နေလေသည်။
ဖောင်းဖောင်းကတော့ ဘယ်လိုနေမလဲမသိ သူကသိပ်ဂျီးများတဲ့ကောင်။မဟော် တစ်ယောက် အစွမ်းကုန်ပြင်ဆင်ချက်ပြုတ်နေလေ၏။မီးဖိုချောင်ထဲက ချက်ပြုတ်ခြင်းအနုပညာဆိုသည်ကလည်းလွယ်လှသည်မဟုတ်။တစ်အိမ်လုံး ခံတွင်းတွေ့ဖို့စီမံရသည်က ကုမ္ပဏီအကြီးအကဲတစ်ယောက်ကရှယ်ယာရှင်တွေကို သူ၏အဆုံးအဖြတ်ကိုလိုက်နာအောင် စည်းရုံးရေးဆင်းသကဲ့သို့ပါပင်။အစပ်အဟပ်ဆီလျော်အောင်ချက်ပြုတ်ရခြင်းသည်ကလည်း ပန်းချီဆရာသည် အရောင်စပ်သကဲ့သို့ ဆီလျော်ပါမှပုံကောင်းနှင့်ထမင်းမြိန်ခြင်းထွက်မည်ဖြစ်သည်။သို့အတွက် ချက်ပြုတ်ခြင်းအနုပညာဆိုသည်ကလည်း လွယ်ကူသည်မဟုတ်ပါပေ။
YOU ARE READING
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....