Unicode
"ကိုကို အ..."
မောဟိုက်ပင်ပန်းမှုများ၊နာကျင်မှုများနှင့်အတူ ထွက်လာခဲ့သော ညဥ်းညူသံသေးသေးလေး ။
ရမ္မက်တွေကိုပို၍စေ့ဆော်နေသလိုပါပင်။ထိုကောင်လေးက မဟာ့၏လက်မောင်းနှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားသည်မှာ လက်ရာပင်ထင်လာလေပြီ။
"ကိုကို မပြီးသေးဘူးလား ဟင် အ့"
စခဲ့တုန်းကတော့ သူကပင်စခဲ့ပြီး
ယခုကြတော့ မြန်မြန်ပင်ပြီးစေချင်နေပြန်ပါပြီ။"အင်း ခဏပဲ "
မဟာသည် ထိုကောင်လေး စိတ်သက်သာရာရစေရန် အလွယ်ပြောလိုက်ပြီး ရှေ့ဆက်နေမိသည်။
ချစ်ခြင်း၊ကြင်နာခြင်းတို့ဖြင့်အစပျိုးခဲ့သော အရာမျသည် နူးညံ့ချိုမြိန်နေလေ၏။ဆွဲဆောင်မှုပြင်းညို့သော၊ လျှာပေါ်တွင်စွဲသွားနိုင်စေသော ဝိုင်တစ်ခွက်အလား
သူသည် သောက်လေလေ စွဲလေလေဖြင့် ။ဘယ်လောက်ပဲသောက်ရသောက်ရ ငတ်မပြေနိုင်စေသည့် ဆားငံရေလို တစ်ဖန် သူဟာ စိတ်အစဥ်တို့ကို လိုချင်ပြီးရင်းလိုချင်အောင်သိမ်းသွင်းနိုင်လွန်းလှသည်။သူဟာ ဝိုင်တစ်ခွက်ဆိုရင် သေချာပါသည်။ ဆားငံရေတွေဖြည့်ေပါင်းထားသည့် ပင်လယ်ဝိုင်ဆိုတာ ။ရှိုင်း သူ့လူကိုကြည့်မိတော့ သူ့အားကျွမ်းကျင်လှသောအပြုအမူများဖြင့် စိတ်အားထက်သန်စွာစားသုံးနေလေ၏။
ဘယ်အရာတွေ ဘယ်လိုပဲရင်းရရင်းရ *မင်းမဟာရောင်နီ*ဆိုသည့် ဒီလူကြီးကို အပိုင်သိမ်းနိုင်ရင် တန်ပါပြီ ။နာကျင်သည်ဆိုသော်လည်း သူလိုချင်တာ ဒီလူ ကြီး သူ့အားတမ်းတမ်းစွဲဖြစ်နေဖို့ပါပင်။တကယ်ကို အရှက်သိက္ခာမဲ့စွာနဲ့ သူ့ဆီကတောင်းဆိုခဲ့သည်ဆိုပေမယ့် သူဆိုသည့်လူကမိမိကိုမခွဲနိုင်မခွာရက်ဖြစ်သွားရင် ဒီအရှက်သိက္ခာတွေဆုံးရှုံးရလည်း ဘာအရေးလဲ။သူ့ကိုပိုင်ဆိုင်ရဖို့အတွက် အရာအားလုံးရင်းလိုက်မှာမို့လို့ တစ်ခုပဲပြန်လိုချင်မိပါ၏။အဲ့တာက သူ ရှိုင်းကို ဘယ်တော့မှမထားခဲ့ဖို့ ။
"ရှိုင်း ကိုယ်ပြီးတော့မယ်ထင်တယ် ။ မရတော့ဘူး
သွားတော့မယ် "
ESTÁS LEYENDO
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....