Part(3)

5.5K 382 8
                                    

Unicode

"မောင် ......"

ဆွတ်ပျံ့ဖွယ်ကောင်းသော အသံစတို့သည်အဖြူရောင်လိုက်ကာစ၏နောက်ကွယ်တွင်ရပ်နေလေသော မိန်းမတစ်ယောက်၏နှုတ်ဖျားမှပွင့်အံကျလာလေ၏။
နီသွေးသော နှုတ်ခမ်းနှစ်လွှာသည် ပြုံးတဝင့်ဝင့်ဖြင့်။
အညိုရောင်ဆေးဆိုးထားသည့် ဆံနွယ်များကာ သူ၏ကျောပြင်ပေါ်ရှိပတ်ထားသောတဘက်တွင်တွဲလဲခိုလို့။

သူ့နာမည်ကို ကိန္နရီဟုခေါ်လေသည်။
လိုက်ကာစသည်လေတိုး၍ အခန်းထဲဝယ်လွင့်ပျံလာတော့ သူကတိုးဝှေ့သောလေကိုကျီစယ်ချင်သလိုလို
ခပ်ဟဟရယ်ပြုံးနေလေ၏။

"မောင်က မ အပိုင်မောင်"

ညင်သာမယောင်ရှိသော သူ့အသံစတို့သည်ပင် အေးစက်မာကျောနေလေ၏။သူခေါ်သော မောင်မှာမည်သူပါနည်း။

-----------------------------------------------------------

"ဟေ့ကောင် ခဏ"

ခေါ်သောအသုံးကိုက နူးညံ့နေလေခြင်း။
မဟော် ပန်းပင်များရေလောင်းနေရင်းမှ ထည်လင်းရှိရာ ဒန်းကလေးဆီသို့အရောက်လာခဲ့သည်။အစက
ခြံထဲလမ်းဆင်းလျှောက်မည်ဟုရည်ရွယ်ထားပါသော်လည်း ခြံထဲရောက်တော့ ပန်းပင်တေွရေလောင်းဦးဆိုလို့လောင်းနေရလေ၏။ယခုရော ဘာခိုင်းမည်နည်းမသိ။

"ဟုတ် ဦး "

မဟော် ထည်လင်းဘေးနားကပ်ထိုင်ရင်းပြောလိုက်၏။ထည်လင်းက မဟော့်အားကြည့်ကာ

"မင်းပင်ပန်းနေပြီလား"

သူက အခုမှပင်မေးဖော်ရတော့သည်။
မဟော်သည် ထည်လင်း၏ပါးပြင်ကိုနမ်းရှိုက်လိုက်ကာ

"ရပြီ မပင်ပန်းတော့ဘူး အမောပြေလေး"

ပြုံးရွှင်နေလေသောမဟော့်ကို ထည်လင်းကြည့်ကာ

"အင်း ထားတော့ ဒါနဲ့မင်း ငါခိုင်းထားတဲ့အလုပ်တွေပြီးတော့မှာလား"

"ပြီးပြီ အခုလေးတင်ပြီးသွားပြီ။ပြော ဦး ကျွန်တော်နဲ့အတူလမ်းလျှောက်တော့မလို့လား"

မဟော် ရွှင်ပြစွာဖြင့်ပင်မေးနေမိသည်။သူကတော့ ခပ်ဝါးဝါးတစ်ချက်သန်းကာ

ချစ်သော...ဦး S(2)[Mother is Father]Opowieści tętniące życiem. Odkryj je teraz