Part(30)

3.2K 200 12
                                    

Unicode

နှစ်ထပ်တိုက်အလှလေးရှိသည့် မကျဥ်းလွန်း မကျယ်လွန်းသော ခြံရှေ့တွင် ဆိုင်ကယ်ကို စက်သပ်၍ရပ်လိုက်သည်။

လွန်ကအရင်လို  သူ့အစ်မတွေနှင့်အတူမနေတော့။ဖောင်းဖောင်းတို့  ခြံဘေးနားလေးတွင်ရှိသည့် ခြံလေးတစ်ခြံကို ဝယ်ကာ နေနေလေပြီဖြစ်၏။

"ဟာ "

ဆိုင်ကယ်ရပ်သည်နှင့် ဆိုင်ကယ်ပေါ်မှဆင်းကာ ခြံတံခါးဆီမပြေးရုံတစ်မယ်သွားနေသောသူ့ကို ကြည့်ကာ မကျေနပ်ဟန်ဖြင့် ဟာ ခနဲ ပြုလိုက်၏။

သူ့အသံကြောင့် လွန်သည် ခြံတံခါးဆီသွားနေရာမှာ နောက်ပြန်လှည့်လာကာ

"မေ့လို့ပါကွ "

"ဟမ်း ဟို Manager ကြောင့် တာဝန်တွေတောင် ပျက်ကွက်တတ်နေပြီပေါ့ ဟက် "

"အာ မဟုတ်ရပါဘူးကွာ ။စိတ်မဆိုးနဲ့ကောင်လေးရနော် "

ထိုသို့ပြောမှ သူက မျက်စံတွေကို အပေါ်တင်လိုက်ပြီး
မကျေနပ်ချင်ကျေနပ်ချင်နှင့့် လုပ်လေ၏။

လွန်သည် ဒီကောင်လေးအကြောင်း ကြေညက်ထားသည်မို့ ပတ်ဝန်းကျင်ကို ကားလမ်းကူးသလို ရှေ့၊နောက်၊ဘယ်ညာကြည့်ပြီး လူရှင်းတာသေချာမှ ထိုကောင်လေး၏ပါးတစ်ဖက်ကို အနမ်းပေးလိုက်၏။

"ကျေနပ်ပြီလားဗျ ဟေ"

"ဟင့်အင်း နောက်တစ်ဖက် "

သူနောက်တစ်ဖက်ဆိုသည်နှင့် နောက်တစ်ဖက်လိုက်ပြန်တော့လည်း ဒီကောင်လေးက အားရပုံမပေါ်။

"နဖူးလေး "

နဖူးလေးဆိုလို့ နဖူးပေါ်အနမ်းပေးသော်လည်း  မေးစေ့လေးဆိုတာက တစ်ခါထပ်လာသေးပြန်၏။မေးစေ့ပြီးတော့လည်း သင်းလေးက မပြီးသေး။

"နှာခေါင်းလေး "

သူ့နှာတံစင်းစင်းပေါ် အနမ်းခြွေပြီးတော့

"ဟေး နှုတ်ခမ်းလေး နှုတ်ခမ်းလေး။"

ရုတ်တရက်တစ်ဆက်တည်းပြောလာသောကြောင့် အစကတော့ ယောင်ပြီး နမ်းမိတော့မလိုဖြစ်သွား၏။

"ဒီကောင်လေးတော့ကွာ"

ရှက်ရွံ့သလိုဟန်နှင့်စကားဆိုလာတော့ သူကရယ်လေသည်။

ချစ်သော...ဦး S(2)[Mother is Father]Dove le storie prendono vita. Scoprilo ora