Part(50)

2K 154 26
                                    

Unicode

သို့နှင့်ထည်လင်းတို့မိသားစုတစ်သိုက် လွန်ရှိရာမ‌န္တလေးမြေသို့ခြေချရန် ခရီးစခဲ့ကြပါ၏။
မဟော်က ကားမောင်းကာ မဟော့်နံဘေး၌ ဟော်နီလင်းကထိုင်သည်။ခရီးလမ်းကအနည်းငယ်ဝေးတော့ သူ့Daddyပင်ပန်းလာရင် သူဝင်မောင်းဖို့ပင်ဖြစ်သည်။ထို့ကဲ့သို့အားကိုးရသည့်သားယောက်ျားလေးတစ်ယောက်နှင့်တူသောသမီးမိန်းကလေးကို မဟော် ထည်လင်းဆီမှလက်ဆောင်ရခဲ့ပါ၏။

ထည်လင်းကတော့ အနောက်ဘက်တွင် ဖောင်းဖောင်းနှင့်လုံးလုံးကြား၌နေရာယူကာ ကလေးထိန်းရင်းဖြင့်လိုက်ပါလာခဲ့သည်။

ဓာတ်ပုံရိုက်သံတဖြတ်ဖြတ်နှင့် ကားရှေ့ခန်း၊ထိုအရာနှင့်ဆန့်ကျင်ဘက် တိတ်ဆိတ်ငြိမ်သက်လှစွာသောကားနောက်ခန်း။အခြေအနေတွေကမတူညီပါပေ။ထည်လင်း တစ်ဖက်တစ်ချက်စီမှ သားနှစ်ယောက်ကိုတစ်လှည့်စီကြည့်တော့ သူတို့နှစ်ဦးမှာ ကားမှန်ပြင်မှတရွေ့ရွေ့ဖြတ်သန်းသွားသောပုံရိပ်တို့ကိုရည်ရွယ်ချက်မရှိစွာငေးကြည့်နေကြသည်။

တိတ်ဆိတ်နေသောခရီးထွက်ခြင်း။
ဤခရီးသည် အကယ်၍များ နားလည်မှုတစ်ချို့ဖုံးလွှမ်းရင်း စတင်ခဲ့ပါလျှင်မူ ရယ်သံများ၊မုန့်ဖောက်သံများ၊စကားသံများဖြင့် မအေးစက်ဘဲ ပျော်စရာအတိသာဖြစ်ခဲ့လိမ့်မည်။သို့သော်....ထိုအရာက ထည်လင်းစိတ်ကူးထဲက ပုံရိပ်တစ်လွှာသာဖြစ်ပါသည်တကား။

"ဖေဖေ့သားလေးတွေ မုန့်စားမလား။ခဏ  သမီးလေးရော"

တိတ်ဆိတ်သောလေထုကို ထည်လင်းစတင်ဖြိုခွဲလိုက်သည်။

".........."

သို့ပေမယ့် ဘာအသံမှထွက်မလာခဲ့။ဟော်နီလင်းကတော့ သူ့မောင်နှစ်ယောက်က သူ့ထက်ပါးစပ်ဦးလိမ့်မည်ဟုထင်ထားခဲ့သော်လည်း ဘာသံမှထွက်ပေါ်မလာသောအခြေအနေ‌ကြောင့်အနောက်ဘက်ကိုလှည့်၍
ကြောင်ကြည့်လျက်။

ဘာသံမှထွက်ပေါ်မလာတာကြောင့်ကားမောင်းနေသောမဟော်ပင် စိတ်ညစ်မိသည်။

ထည်လင်း  တုံ့ပြန်မလာသောအခြေ‌အနေကြောင့် စိတ်ဆင်းရဲမိသော်လည်း  ခြင်းထဲမှ‌
ချောကလက်ကိတ်မုန့်ဘူးကိုထုတ်လိုက်ကာ အပြုံးတွေဝေဝေ‌ဆာဆာပြုံးရင်း ဖောင်းဖောင်းလက်ထဲထည့်ပေးလိုက်ပြီး

ချစ်သော...ဦး S(2)[Mother is Father]Where stories live. Discover now