Unicode
ရှုပ်ထွေးနေသောစိတ်အစဉ်ကြောင့် ဆိုင်အတွင်းဖွင့်ထားသည့်သီချင်းပါပိတ်လိုက်မိသည်။အာရုံတွေက ထွေပြားပွေလီလျက်။ယခုပင်(၉)နာရီခွဲသွားပေပြီ။(၁၀)နာရီထိုး ဝင်လာမည့်ဖုန်းcallတစ်ခုကိုကောင်းမွန်သောစိတ်လှုပ်ရှားခြင်းမျိုးမဟုတ်သောစိတ်မျိုးနှင့် မျှော်နေမိ၏။
မိမိ၊ဒေါက်တာထွန်းလွင်၊Dr.Dannielနှင့်ကာယံကံရှင်တစ်ဦး ထိုလေးဦးသာသိသောလျှို့ဝှက်ချက်တစ်ခု။
ထိုလျှို့ဝှက်ချက်ကို အကြောင်းပြုပြီး လောလောလတ်လတ်ရည်းစားတော်ထားရသည့်ကောင်လေးအား မိမိအနားမှဖယ်ထုတ်သွားမှာကို လွန်ကြောင့်ကြမိပါ၏။ကံတရားက ဘယ်လောက်မျက်နှာသာမပေးလိုက်လဲ။
တစ်ယောက်နှင့်တစ်ယောက် ချစ်သူတွေဖြစ်တာမှမကြာသေး ဝေးရမည်ဆိုလျှင်တော့*ကံကြမ္မာရေ မင်းသေဖို့သာပြင်ထားလိုက်တော့။
ငါဆိုတဲ့လွန်မြတ်သုလွင်က ကိုယ်မပိုင်ဆိုင်ရတဲ့အရာလေးဆိုငေးနေရရုံနဲ့ကျေနပ်ရင်ကျေနပ်လိမ့်မယ် ဒါပေမယ့် ငါပိုင်ပြီးသားဆိုရင်တော့ ဘယ်တော့မှလက်လွတ်ဆုံးရှုံးခံလိမ့်မှာမဟုတ်ဘူး။ဒါတော့မင်းသိထားဖို့ကောင်းတယ်*
air-conဖွင့်ထားသောကြောင့် အနည်းငယ်စိမ့်နေလေသော ဆိုင်အတွင်း မအေးငြိမ်းနိုင်ပဲ အပူမီးကြွရင်းကြိမ်းဝါးနေရသည်မှာ လွန်ဖြစ်၏။
At 10 o'clock,
စက္ကန့်တစ်ကွက်စာမှနောက်ကျခြင်းမရှိပဲ ဝင်လာသောဖုန်းcallက မကောင်းသည့်အငွေ့အသက်များကိုအလုံးအရင်းဝင်ရောက်လာစေ၏။
"Hello"
"Helloမောင်လွန်မြတ်သုလွင်လား။"
"ဟုတ် ဒေါ်ကိန္နရီ။ကျွန်တော့်ဆီဖုန်းဆက်တာ ဘာကိစ္စများရှိလို့လဲ။"
"မင်းနဲ့အန်တီအေးဆေးစကားပြောကြတာပေါ့။ေနရာ
ကတော့မင်းရွေးလေ။အန်တီ မင်းဆိုင်ကိုလာရမလား။ဒါမှမဟုတ် အန်တီချိန်းတဲ့နေရာကိုမင်းလာမလား""ဆိုင်နာမည်နဲ့အချိန်ကိုပြောပါ"
ဆိုင်မန်နေဂျာကိုမှာစရာရှိတာမှာ၍ သူ(မ)ချိန်းသည့်နေရာသို့ လွန်ထွက်လာလိုက်သည်။ကောင်လေးက ယနေ့ကျောင်းဖွင့်ရက်မို့ မနက်ကလွန့်ကိုဆိုင်ပို့ပြီးတည်းက ကျောင်းတစ်ခါတည်းတန်းသွား၏။ထိုကောင်လေးမပါလာမှ လွန် သူ(မ)နှင့်ပြောစရာရှိတာ ပြတ်ပြတ်သားသားပြောနိုင်တော့မည်။
YOU ARE READING
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....