Part(9)

3.6K 299 10
                                    


Unicode

"မင်း ဒီမှာပဲနေတော့ထည်လင်း"

မဟာ၏စူးရှရှစကားကိုအကြား ထည်လင်းရီဝေစွာဖြင့်။

"မဖြစ်ဘူးထင်တယ်ကိုမဟာ ကျွန်တော်ကြောင့်ကိုမဟာတစ်ခုခုဖြစ်...."

"မင်းကြောင့် ငါ့သားတစ်ခုခုဖြစ်တာလည်းငါမလိုချင်ဘူး"

ပြတ်သားနေသောမဟာ့စကားသံများသည် လွန်ဆန်လို့ရမည့်ပုံလည်းမပေါ်ပါပေ။ထည်လင်း မဟာ့စကားကိုခေါင်းငြိမ့်လိုက်တော့၏။

"ကိုကို ထမင်းစားလို့ရပါပြီ"

ချစ်စရာရှိုင်းငယ်သည် စာဖိုမှူးဝတ်စုံကိုဝတ်ကာ
မဟာ့ဆီအပြေးလာပြီး ချစ်စဖွယ်လေသံမျိုးဖြင့်ပြောလိုက်၏။

"ရှိုင်း  ကိုယ့်ဆီကိုခဏ"

မဟာ့စကားကြောင့် ရှိုင်းငယ်တစ်ယောက် မဟာနှင့်ခပ်လှမ်းလှမ်းတွင်ရပ်နေရာမှ မဟာထိုင်နေသောဆိုဖာပေါ်ဝင်ထိုင်လိုက်လေ၏။ပြီးလျှင် မဟာ့လက်ကို သူ့ပခုံးပေါ်တင်လိုက်ပြီး မဟာ့ရင်ခွင်ထဲခိုဝင်နားကာ

" ဘာပြောမလို့လဲကိုကို"

အနှီအကောင်ငယ်လေး။
မဟာ အသည်းယားလွန်းလှပါသည်။
ချစ်စဖွယ်ဤကလေးငယ်လေးကို    သူတို့အရှုပ်တော်ပုံကြားတွင်မဟာဝင်မပါ‌စေချင်ပါ။
အချိုသာဆုံးအပြုံးကိုမဟာပြုံးလိုက်ကာ

"ရှိုင်း။ရှိုင်းအတွက်ကိုယ်ကသီးသန့်အခန်းတစ်ခန်းပေးမယ်ဆိုရင်ယူမလားရှိုင်း"

ရှိုင်း မဟာ့ကိုနားမလည်ဟန်စိုက်ကြည့်ကာ

"ဟင့်အင်း ကိုကို့အခန်းမှာပဲအတူနေမှာလေ"

"Bad boyလေး ။ဒီရက်ပိုင်း ကိုယ့်မှာ ကိစ္စလေးတွေရှိသေးလို့   ကိုယ်နဲ့အတူတူနေလို့မရဘူးကောင်လေး"

ရှိုင်းနားမလည်ပါ။မဟာပြောတာတွေရှိုင်းနားမလည်ပါ။သို့ပေမယ့် မေးခွန်းလဲမထုတ်ချင်တော့ ။ သူ့ကို ရှိုင်းယုံကြည်ပါသည်။မိမိအား ဘယ်လိုအကြောင်းမျိုးကြောင့် မပြောပြသည်မသိသော်လည်း  အားလုံးအတွက်အကောင်းဆုံးဟူသောအရာတွေကိုသာ သူစီစဉ်တတ်သည်ကို ရှိုင်းယုံကြည်ပါသည်။

ချစ်သော...ဦး S(2)[Mother is Father]Dove le storie prendono vita. Scoprilo ora