Unicode
"တိုတို အိပ်ပုတ် ထရော့ရေ။ထတေးဝူးရား ကိုယ်ချောင့်နတ်က နတ်တဘင်အစည်းအဝေးပွဲမှာအီကြာကွေးနဲ့လက်ဖက်ရည်မချားရရို့စိတ်ဆိုးရိမ့်မယ်နော် တိုတို"
ဖောင်းဖောင်း မနက်စောစောစီးစီးနားထဲတိုးဝင်လာသော ဝက်အော်သံကြောင့် မျက်လုံးမဖွင့်ရသေးခင်မျက်ခုံးတွေတွန့်ချိုးလာမိသည်။ဘယ့်နှယ့် မနေ့ညကသင်းကြောင့်အိပ်ရေးပျက်ရသည်ကိုမှ အားမနာ၊နားငြီးအောင်လာလုပ်နေသောထိုကောင်လေး။
"ဘာအိပ်ပုတ်။ဘာနတ်သဘင်အစည်းအဝေး။ဒီမှာ လူ့ပြည်တစ်နှစ်နတ်ပြည်တစ်ရက်ဆိုလား ငါကြားဖူးတာ။အေး အဲ့နတ်ပြည်တစ်ရက်ကိုသုံးရာခြောက့်ဆယ့်ငါးခေါက်လောက် ဆင်းလိုက်တက်လိုက်လုပ်ရရင် ငါတို့ကိုယ်စောင့်နတ်တစ်ရက်တောင်မခံဘဲမာလကီးယားသွားမှာပေါ့။"
ဖောင်းဖောင်းပြောသည်များကို လုံးလုံးလေးနားမလည်ပါပေ။သူ နှုတ်ခမ်းလေးကိုစူလိုက်ရင်း
"ဟုတ်ရား"
"ဟုတ်တယ်"
ထိုအချိန်
"ဒေါက် ဒေါက် ဒေါက်"
တံခါးခေါက်သံကြောင့် ဖောင်းဖောင်းအခန်းဝကိုလှည့်ကြည့်လိုက်သည်။
"သားတို့ရေ မနက်စာစားဖို့ဆင်းမလာသေးဘူးလား"
"ဟုတ် လာတော့မယ်ဖေဖေ"
ဖောင်းဖောင်း အိပ်ရာမှ အလျှင်အမြန်ထကာ ရေချိုးခန်းထဲပြေးဝင်လိုက်၏။အကောင်ငယ်လေးကတော့ ဖောင်းဖောင်းပြောသွားသောစကားကိုအဓိပ္ပါယ်ပေါ်အောင်စဉ်းစားရင်းသာကျန်နေရစ်တော့သည်။
မှန်အတွင်းပေါ်လာသောမိမိရုပ်ပုံကိုကြည့်ပြီး ဖောင်းဖောင်းစိတ်ဓာတ်တွေကျမိသည်။ဒီကောင်လေးရောက်လာခဲ့သော ဒီတစ်ရက်အတွင်းလေးကို သူ့မှာအရွယ်တော်တော်ကျသွားသလိုပင်။ရုပ်ကိုဆောင်သည့်စိတ်က ညှိုးနေမှတော့ ဒီမျက်နှာဟာလည်းဘယ်မှာနုပျိုပါအံ့နည်း။ဖောင်းဖောင်း မျက်နှာသစ်ကိုယ်လက်သန့်ရှင်းရေးလုပ်ပြီး တစ်ခါတည်းပင်ရေချိုးခဲ့တော့သည်။
************************************
"ဦး ဘာတွေလည်တဆန့်ဆန့်လုပ်နေတာလဲ"
VOCÊ ESTÁ LENDO
ချစ်သော...ဦး S(2)[Mother is Father]
Humorတကယ်လို့ အရာအားလုံးမှာရွေးချယ်ခွင့်တွေရှိရင်.....