Episode - 8

9.9K 1.4K 84
                                    

// Unicode //
~~~~~~~~~~

" မှာလေ လင်းထက် "

" မင်းအားတာသေချာလို့လား မာန်၊ ငါ့ကိုအားနာပြီး အလုပ်တွေပစ်ထားတာတော့မဟုတ်ဘူးမလား "

သူငယ်ချင်းဖြစ်သူရဲ့ မယုံသင်္ကာစကားကြောင့် ဘုန်းမာန်ပြည့် ပြုံးသာပြုံးလိုက်သည်။ အလုပ်တွေရှိလျှင်တောင် ဝေးကွာနေတာနှစ်ချီပြီဖြစ်တဲ့သူငယ်ချင်းကို ဦးစားပေးရမှာမဟုတ်လား။

" စကားမများဘဲ မှာစရာရှိတာမှာ "

" မြန်မာထမင်းဟင်းပဲစားမယ်ကွာ၊ မင်းဘာစားမလဲ မာန် "

" ငါက... ငါးမွှေကြော်.. "

" မင်းကတော့ အရင်တိုင်းပဲနော် "

" ဘာကိုလဲ "

" ငါးမွှေကြော်ကြိုက်တာလေ၊ မပြောင်းလဲဘူး "

မှာစရာရှိတာမှာပြီးနောက် နှစ်ယောက်သားစကားစမြည်ပြောဖြစ်ကြသည်။ သျှန်လင်းထက်ဟာ အလုပ်ကိစ္စကြောင့် နိုင်ငံရပ်ခြားသို့ထွက်သွားသည်မှာ ၃ နှစ်ခန့်ကြာသည်။ ငယ်စဉ်ကတည်းက ပခုံးဖက်ပြီးပေါင်းသင်းသူဖြစ်၍ အတော်လေးသတိရနေခဲ့တာတော့ အမှန်ပင်။

" ဟိုမှာအပေါင်းသင်းတွေတော့ရပါရဲ့ကွာ၊ ဒါပေမဲ့ မင်းသိတဲ့အတိုင်း.. ဒီကလူတွေနဲ့ဘယ်တူပါ့မလဲ "

" အေး.. သိရင်ပြီးရော "

" ဟဟ.. စော်လေးတွေကတော့ စောက်ရမ်းရဲတာဟျောင့်ရေ.. ငါ့မှာအခန်းထဲထိခေါ်မိလို့ ပိုက်ဆံပါသွားရပေါင်းလဲများပြီ "

သူကြုံခဲ့သည့်အဖြစ်ပျက်များကို ရယ်သံနှောကာပြန်ပြောပြနေသည်။ ငယ်ပေါင်းတွေပီပီ လင်းထက် အကြောင်းကို သူသိသည်။ လင်းထက်က အယုံလွယ်ပြီး စိတ်ထားကောင်းသည်။ ပေါ့ပျက်ပျက်နေသလိုဖြစ်ပေမဲ့ တစ်စုံတစ်ယောက်ကအကူညီလိုအပ်သည့်အခါ အမြဲတမ်းရှိနေတတ်သူဖြစ်၏။

" မတွေ့ရတဲ့အချိန်တွင်းမှာ မင်းကချောတော့ချောလာပါရဲ့၊ ဘာလို့ အရင်ကအတိုင်းပိန်နေသေးတာလဲ "

BLUE 【 Completed 】Where stories live. Discover now