Episode - 15

9K 1.2K 48
                                    

// Unicode //
~~~~~~~~~~

" ငွေဆောင်သွားမယ် "

" ဘာ.. နင်ပြောတော့ နေပြည်တော်ဆို "

" အစကတော့ နေပြည်တော်သွားမလို့ပဲ၊ ဒါပေမဲ့ ပျင်းစရာကြီးဟ၊ ငွေဆောင်ပဲသွားမယ်၊ ဟိုရောက်မှ ဖေဖေ့ကိုဖုန်းဆက်လိုက်မယ် "

" ဟာ.. မသွားဘူး၊ နေပြည်တော်ပဲသွားမယ် "

" ဇံကလဲဟာ.. ငွေဆောင်သွားမယ်လေ၊ ပျော်စရာကြီးကို "

ဘုန်းပြည့်ဇံနှင့် ဧကရီဆိုသည့်ကလေးမတို့ တစ်ယောက်တစ်ခွန်းပြောနေကြသည်ကို ဘုန်းမာန်ပြည့်အပါအဝင် ကျန်တဲ့သူတွေက ငြိမ်သက်ကာကြည့်‌နေကြ၏။ ဧကရီကလည်း ဘာစိတ်ကူးပေါက်သည်မသိ။ ရုတ်တရက်ကြီး ခရီးစဉ်ပြောင်းသွားသည်။ ဇံကလည်း ငွေဆောင်မသွားချင်ဘူးဆိုကာ ဇွတ်အတင်းကိုငြင်းဆန်နေလေသည်။

" ဧကရီ.. ငါနင့်အဖေနဲ့ တိုင်မှာနော် "

" တိုင်ပေါ့၊ မကြောက်ဘူး၊ သွားမယ် ကိုမာန် "

ကားစက်နှိုးရန်ပြင်တော့ ပခုံးပေါ်သို့ ဇံ့ရဲ့လက်တစ်စုံရောက်လာသည်။

" နေပြည်တော်ပဲသွားမယ် "

" ဘုန်းပြည့်ဇံ !! "

" နေပြည်တော်ပဲသွားရအောင်ပါဟာ ၊ ငွေဆောင်က ခဏခဏရောက်ဖူးနေတာပဲ၊ ဘာမှလဲမရှိဘူး "

ကလေးနှစ်ယောက်ငြင်းလို့မပြီးသေးတာကြောင့် ကားမောင်းသည့်တာဝန်ယူထားသူ ဘုန်းမာန်ပြည့်မှာ စက်မနှိုးရသေး။ ငယ်စဉ်ကတည်းကပေါင်းလာသည့်ကလေးတွေဖြစ်သော ဇံ့သူငယ်ချင်းတွေအားလုံးနှင့် သူရင်းနှီးသည်။ အရွယ်ရောက်လာတာတောင် ကလေးစိတ်မပျောက်ကြသေးတဲ့အငယ်တွေကိုကြည့်ပြီး ဘုန်းမာန်ပြည့် ပြုံးမိသည်။ ဇံ့စကားနားထောင်ပြီး လိုက်လာမိတာမမှားဘူးလို့လဲ တွေးမိသေး၏။

" နေပြည်တော်ဆို ဟိုတယ်ထဲမှာပဲအချိန်ကုန်သွားမှာဟ၊ တစ်နေရာနဲ့ တစ်နေရာလည်းသွားရတာ အဝေးကြီး၊ ပျင်းစရာကြီးကို.. ငွေဆောင်ပဲသွားမယ် "

ဇံ ဘာကြောင့် ငွေဆောင်ကိုမသွားချင်လဲဆိုတာမသိပေမဲ့ မျက်နှာကိုရှုံ့မဲ့ကာငြင်းနေပုံက ရယ်ချင်စရာ။ ဧကရီကလည်း အလျှော့မပေးတာကြောင့် ဇံတစ်ယောက် ခေါင်းကုပ်နေလေပြီ။

BLUE 【 Completed 】Where stories live. Discover now