" Good Morning "

8.7K 1.1K 63
                                    

// Unicode //
~~~~~~~~~~

မနက်ခင်းတစ်ခု..။
ကြော်လှော်နေသည့်အနံ့မွှေးမွှေးလေးကြောင့် မျက်လုံးတွေမဖွင့်ရသေးခင် ဗိုက်ဆာလာသည်။ မနက်စာပြင်နေသူအကြောင်းကိုတွေးမိတော့ ပြုံးမိလေသည်။ သို့သော် ထိုအပြုံးဟာ ကြာကြာမခံ။

ညှက်စိက ချက်မှမချက်တတ်တာ..

အိပ်ရာထဲမှ ဝုန်းခနဲထလို့ မီးဖိုးချောင်ဆီအပြေးအလွှားသွားရတော့သည်။

" ညှက်စိ "

" ဇံ.. Good Morning "

" အေး.. ဘာတွေလုပ်နေတာလဲ "

" အကြော်... "

" ဘာအကြော်လဲ "

အနားကိုသွားကာ မွှေနေသည့်လျှပ်စစ်ဒယ်အိုးထဲ ချောင်းကြည့်လိုက်တော့ ထမင်းကြော်ဖြစ်သည်။ မုန်လာဥနီနှင့် ပဲသီးတွေပါ သေးသေးကလေးလှီးပြီးထည့်ထား‌တော့ ဘုန်းပြည့်ဇံ မအံ့ဩဘဲမနေနိုင်။ သူတို့ရေအောက်ကမ္ဘာကိုပြန်ပြီး ဒါတွေသင်လာနိုင်စရာအကြောင်းမရှိ။ ဘယ်ကနေ တတ်မြောက်လာလဲမသိပါ။

" တယ်ဟုတ်ပါလား မင်းက "

" ဇံ စား.. "

ဇွန်းဖျားလေးနှင့်ခပ်ပေးကာ မြည်းစမ်းခိုင်းတော့ သူလည်း အနည်းငယ်စားကြည့်လိုက်သည်။ နှစ်ချက်လောက်ဝါးပြီးတော့ ရပ်သွား၏။

" ဆားကို တစ်ဘူးလုံးများ ထည့်လိုက်တာလား !! "

" .... "

" ငံနေတာပဲ.. "

စကားအဆုံးတွင် ညှက်စိမျက်နှာလေးညှိုးငယ်သွားသည်။ ထိုအခါမှာတော့ ဘုန်းပြည့်ဇံ သက်ပြင်းချကာ နောက်တစ်ဇွန်းခပ်စားလိုက်ရင်း..

" စားလို့တော့ရပါသေးတယ် "

" ဇံ ကြိုက်လား "

မျှော်လင့်ချက်တွေအပြည့်နှင့် မျက်လုံးဝိုင်းတွေ..။

" အင်း.. ကြိုက်တယ် "

ကျေနပ်စွာပြုံးသွားလေသည်။ ထမင်းကြော်ကို ခပ်စားဖို့လုပ်နေတာကြောင့် ဇွန်းကို သူဆွဲယူလိုက်၏။

" ငါတစ်ယောက်တည်းစားမလို့၊ မင်းအတွက် နွားနို့ဝယ်ထားပေးတယ်လေ "

BLUE 【 Completed 】Where stories live. Discover now